Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၄/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၅)ရက်နေ့ ၊ (၁၄၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၄/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊  ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်းနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

15-Jun-2021