ငရုတ်ကောင်း-ဆင်မ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း(ကမ်းခြေပတ်လမ်း)နှင့် ချောင်းသာမြို့တွင် Covid -19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၅)ရက်နေ့ ၊ (၀၈၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊  တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ငရုတ်ကောင်း-ဆင်မ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း(ကမ်းခြေပတ်လမ်း)ရှိ ၅၁/၁-၅၁/၇ မိုင်အတွင်း ခွင့်ပြုငွေကျပ် (၄၂၉.၀၅)သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်မှ ကမ်းခြေပတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၁၃၀)အချိန်တွင် ချောင်းသာမြို့၊ တိုက်နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး Covid -19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရွာမ(အခမဲ့)ပညာဒါနကျောင်း၊ ဘုတ်ဆုံပညာဒါန ကျောင်းဆောင်ရှိ  Covid -19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂၀၅)အချိန်တွင် ချောင်းသာမြို့၊ Belle Resort ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီး ဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦးမှ တင်ပြမှုများအပေါ် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

15-Jun-2021