ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၂)ရက်နေ့၊ (၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေး မှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ မြို့မအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။

အခမ်းအနားတွင် တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဌမှ အဖွင့်အမှာစကား​ပြောကြာခဲ့ပြီး ​ကောင်စီဥက္ကဌနှင့်နှင့် အ​နောက်​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့မှ ပျိုးပင်များအား ဌာနဆိုင်ရာများသို့​ပေးအပ်ခဲ့ကာ ကျွန်း(၅)ပင်၊ ပျဉ်းကတိုး(၅)ပင်၊ ကံ့ကော်(၅)ပင်၊ ခရေ(၅)ပင်၊ ပိတောက် (၅)ပင်၊ မန်ဂျန်ရှား(၉၈၀)ပင် စုစုပေါင်းအပင်အရေအတွက် (၁၀၀၅)ပင်အား အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

12-Jun-2021