နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ Video Conferencing ဖြင့် တက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၉)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၊  နေပြည်တော်တွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တိုင်းဒေသကြီး ကမ်းရိုးတန်းသယံဇာတနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များနှင့် ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုအစီအစဉ်များ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းကာကွယ်မှုမြှင့်တင်ခြင်း လုပ်ငန်းများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ကောက်ယူသိမ်းဆည်းခြင်းလုပ်ငန်းများ၊ စည်းကမ်းမဲ့ငါးဖမ်းခြင်း၊ မြစ်သဲကျောက် တူးဖော်မှုလုပ်ငန်းများ၊ ကမ်းပါးပြို ရေတိုက်စားမှု လျှော့ချကာကွယ်ရေးလုပ်ငန်းများ၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းစီမံကိန်း၊ ကမ်းခြေ ပတ်လမ်း စတင်ဖောက်လုပ်နေမှု၊ သဘာဝစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်သည့် စီမံကိန်း၊ ဂေါ်ရန်ဂျီကျွန်းဒေသတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံချက်နှင့်ရွှေသောင်ယံမြို့၊ မက်တာဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှု ဥယျာဉ်မြို့တော် ထူထောင်နိုင်ရေးစီမံကိန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်းသတင်းရရှိပါသည်။

09-Jun-2021