ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပင်လယ် ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၇)ရက်နေ့၊ (၁၁၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

07-Jun-2021