တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွာမြှင့်တင်ရေးဦးဆောင်အဖွဲ့ အစည်းအဝေးတက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၄)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၁၅)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Zoom Application (Virtual Meeting)ဖြင့် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

04-Jun-2021