ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၇)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်လွင်၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များနှင့်အတူ လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ၊ သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်သည့်နေရာသို့ ရောက်ရှိ၍ ထူပါရုံဘုရားကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိသည့်အခြေအနေများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်လွင်မှ ရှင်းလင်းတင်ပြရာတွင် ထူပါရုံဘုရားကမ်းပါမှာ (၂၂.၈.၂၀၁၉)ရက်နေ့တွင် ရုတ်တရက် သည်းထန်စွာရွာသွန်းခဲ့သောမိုးရေများသည် ဘုရားရင်ပြင်တော်ပေါ်တွင် ဖြတ်သန်းစီးဆင်းပြီး ကျောက်စီတမံအပေါ်ပိုင်း အနောက်ဘက်ရှိ အဆောက်အဦဟောင်း အခြေမြေသားတွင်းပေါက် များမှတစ်ဆင့် တမံအောက်ပိုင်းအတွင်းသို့ စီးဝင်စီးထွက်၍ ကမ်းပါကျွံကျပြိုကျခြင်း၊ ထူပါရုံ ဘုရားသည် မြို့ကိုကာရံထားသော တာတမံနှင့်မြစ်ကမ်းအကြား အနိမ့်ပိုင်းတွင်တည်ရှိခြင်း၊ ရေဝပ်အိုင်များရှိ၍ မြစ်ရေများချိန်နှင့် မိုးရွာသွန်းချိန်များတွင်ရင်ပြင်တော်အားဖြတ်ကျော် စီးဆင်းခြင်း၊ အောက်ဘက်စိမ့်ထွက်ရေများရှိနေခြင်းတို့ကြောင့် မြေသားအားနည်းသည့် နေရာများမှ ကမ်းပါအိကျ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ကမ်းပြိုမှုကာကွယ်ရန်အတွက် ထူပါရုံဘုရား ကမ်းထိန်းလုပ်ငန်း၊ ရင်ပြင်တော်ပတ်ပတ်လည်ရေမြောင်းပြုလုပ်ခြင်းများ အတွက် တင်ဒါအောင်ကုန်ကျစရိတ် ကျပ်(၃၁၅)သန်းနှင့်သောင်တူးဖော်ခြင်းလုပ်ငန်းများ အတွက် ကုန်ကျစရိတ် ကျပ်(၂၃.၆၁၃၆)သန်း စုစုပေါင်းကုန်ကျစရိတ် ကျပ်(၃၃၈.၆၁၃၆)သန်း ဖြစ်ပါကြောင်းရှင်းလင်းတင်ပြခဲ့ရာ ကောင်စီအဖွဲ့ဝင်(၁)မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး မြစ်ကမ်းထိန်းလုပ်ငန်းများအား လှည့်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်အဖွဲ့သည် ထူပါရုံစေတီတော်၊ ဦးဘစိုးဓမ္မာရုံတွင် ဆရာတော်ဦးဝိသုတအား ဖူးမျှော်ကြည်ညိုပြီး ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများကိုဆပ်ကပ်လှူဒါန်း၍ ဆုံးမသြဝါဒခံယူ ခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုနှင့် ကြိုးကြာကွင်းကျေးရွာ အုပ်စုအတွင်း (၆.၅.၂၀၂၁)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ဝါးအိမ်(၁၈)လုံးနှင့် သစ်သားအိမ်(၁)လုံးပြိုလဲခဲ့ပြီး လေဘေးသင့်အိမ်ထောင်စု (၁၈)စုအား လူနေအိမ် ဝါးအိမ်(၁)လုံးလျှင် (၁)သိန်းကျပ်နှင့် သစ်သားအိမ်(၁)လုံးလျှင် (၂)သိန်းကျပ် စုစုပေါင်း ကျပ်(၁၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများအား လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

07-May-2021