ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တာဝန်ကျလက်ထောက် ဆရာဝန်များ အလုပ်တာဝန်အမြန်ဆုံးပြန်လည်ထမ်းဆောင်နိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၇)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင် များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ တာဝန်ကျလက်ထောက်ဆရာဝန်များ၏ မိဘများနှင့် တွေ့ဆုံ၍ ဆရာဝန်များ အလုပ်တာဝန်အမြန်ဆုံးပြန်လည်ထမ်းဆောင်နိုင်ရေး စည်းရုံးဆောင်ရွက် ပေးရန်အတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

28-Apr-2021