ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COMID19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး (၁၀/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (၂၀.၄.၂၀၂၁)ရက်နေ့  နေ့လည် ၁၃:၀၀နာရီ အချိန်က(COVID-19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်စွာလှိုင်၊တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊

တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးယောမင်းထွန်းတို့တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီး (COVID-I9) ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေးမှတ်တမ်းအပေါ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကော်မတီ၏လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်။

 

30-Nov--0001