ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့(ငဝန်မြစ်)၌ ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနား၊ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား၊ မြို့တော်ခန်းမ၌ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားများကျင်းပပြုလုပ်ခြင်း

၂၀၂၁ခုနှစ်၊ ဧပြီလ၊ (၁၇)ရက်နေ့၊ (၀၇၀၀)အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ (ငဝန်မြစ်)၌ကျင်းပပြုလုပ်သည့် ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ (၃"၊ ၄")အရွယ်အစားရှိ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းအား ငါဝန်မြစ်အတွင်းသို့ဘေးမဲ့လွှတ်၍  ဇီဝိတဒါနကုသိုလ် ပြုခဲ့ကြပြီး (၁၀၀၀)နာရီ အချိန်တွင်  စက်တော်ရာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကားပြောကြားကာ ပူဇော် ကန်တော့ခံဘိုးဘွားများအား လက်အုပ်ချီမိုးကန်တော့၍ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၅၀၀)နာရီ အချိန်တွင်  မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်း အနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ၊ မရမ်းချို ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်အရှင်သူမြတ်များချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ညောင်ပင်သာစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတမဟာထေရ်မြတ်ထံမှ သြဝါဒခံယူခြင်း၊ ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးသံဃ နာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ မောင်းထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပညာဓိက(အဂ္ဂမဟာဂန္ထဝစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားခြင်းများဆောင်ရွက်ခဲ့ကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက်  ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

17-Apr-2021