ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၁)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၈/၂၀၂၁) ကျင်းပပြုလုပ် ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊  ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

01-Apr-2021