ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကျင်းပ

၂၀၂၁ ခုနှစ်၊ မတ်လ၊ (၃၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား စတင်အရေးယူတော့မည်ဖြစ်ကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့်  အကြောင်းမဲ့ပျက်ကွက်နေသည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရန်လိုကြောင်း၊   CDM ပြုလုပ်ခြင်း၊ အကြောင်းမဲ့ပျက်ကွက် နေသည့် ဝန်ထမ်းများအား လစာထုတ်ပေးမှုများ စိစစ်တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် မိမိတို့၏ လက်အောက်ရှိ ခရိုင်/မြို့နယ်အဆင့် ရုံးများတွင် ဝန်ထမ်းလစာများ လိမ်လည်ထုတ်ယူခြင်းမျိုးမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် အခက်အခဲများရှိပါက တင်ပြရန်နှင့် ပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ  ဌာနတစ်ခုချင်းအလိုက်ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကိုညှိနှိုင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးအားရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

30-Mar-2021