ပုသိမ်မြို့တွင်သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်ရ"ဂုဏဝိသိဋ္ဌ"ပူဇာသဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၁ခုနှစ် မတ်လ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ အထူးအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကိုထပ်ဆင့်ဂုဏ်ပြုပူဇာ်ပွဲ " ဂုဏဝိသိဋ္ဌ"ပူဇာသဘင်အခန်းအနားကိုကျင်းပခဲ့ပါတယ်။

အခန်းအနားကို " နမောတဿ " သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးထူးမခြားနား သီချင်းခန့် ၃ ပိုဒ်ဖြင့်ပူဇော်ပါတယ်။ ထို့နောက် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဝင် မအူပင်မြို့ ပရိယတ္တိမင်းကျောင်းစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြောင်မြမြို့ အလယ်တောရ စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပညာသီဟ က သမ္မောဒနီယဩဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူပါတယ်။ ထိုနောက် ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက ပရိတ်တရားများရွတ်ပွားချီးမြှင်တော်မူပြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးရဲမြင့်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားပါတယ်။

၎င်းနောက် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့်တာဝန်ရှိသူများက ၂၀၂၁ ခုနှစ် သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၀ ပါး ၊၂၀၂၀ ပြည့်နှစ်သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၁ ပါး၊ အထူးအောင်သံဃာ ၃ ပါး၊ ၂၀၂၁ ခုနှစ်သာသနာရေးဆိုင်ရာ ဘွဲတံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါးတို့ကို ဂုဏ်ပြုလက်မှတ်များနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ထိုနောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ငါးသိုင်းချောင်းမြို့ ၊ ရွှေရေးဆောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားကိုနာကြား၍ ရေစက်သွန်း အမျှပေးဝေခဲ့ပြီး၊ အခန်းအနားကို တက်ရောက်လာကြသူများက " ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု " သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခန်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဦးရဲမြင့်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

27-Mar-2021