ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ လှေဒါးချောင်ကျေးရွာတွင် နွေစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၂)ဦးတင်အေး၊ တိုင်ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၅)ရက်နေ့၊ နေ့လယ်(၁၅၀၀) နာရီအချိန်၌ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ လှေဒါးချောင်ကျေးရွာ၊ ကွင်းအမှတ်(၄၂၅-ဘီ)၊ ဦးပိုင်အမှတ် (၄၃/၄)၊ တောင်သူဦးမြင့်အောင်၏ ဆင်းသုခမျိုးသန့်စပါးစိုက်ခင်း (၁၀)ဧကတွင် ကျင်းပပြုလုပ်သော ၂၀၂၁ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့နေမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ  လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေ များကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ယနေ့မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းမှ တစ်ဧကလျှင် အစိုတင်း(၁၄၆)တင်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

25-Mar-2021