ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြလုပ်ခဲ့သည့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)သို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေအငြင်းပွားမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အယူခံများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သွားသော တောင်သူများ၏ လယ်ယာမြေများအား လျော်ကြေး၊ နစ်နာကြေးပေးအပ်ရန်ကိစ္စရပ်များ၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲအသုံးပြုထားမှုအပေါ် ဒဏ်ကြေးပေးဆောင်ရန် ကိစ္စရပ်များ၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ကိစ္စရပ်များတို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား နေ့လည် (၁၂:၄၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

23-Mar-2021