ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၉)ရက်နေ့၊ နေလယ် (၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာများအနေနဲ့ မိမိတို့ဌာန၏လုပ်ငန်းတာဝန်များကို မှန်မှန်နဲ့ မြန်မြန်ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စိတ်ရင်းစေတနာအမှန်နဲ့ တိုင်းပြည်အကျိုး၊ ဒေသအကျိုးကိုဆောင်ရွက်ပေးကြပါရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာန လက်အောက်မှာရှိသည့်ဝန်ထမ်းတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လိုအပ်ပါ ကြောင်း၊ CDM ပြုလုပ်နေကြသည့် ဝန်ထမ်းများကိုလည်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် လက်ကမ်းကြိုဆိုနေပါကြောင်း၊ တိုင်းကောင်စီအနေဖြင့် ဝန်ထမ်းများအပေါ်တွင်လည်း တန်ဖိုးထားပါကြောင်း၊ ယခုအချိန်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးကိုနှောက်ယှက်ဖျက်စီးမှုများရှိလာနေကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၌  တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအင်အား၏(၇၃%)မှာ ပုံမှန်ရုံးတက်လျက်ရှိကြောင်း၊ CDM မပြုလုပ်သည့် ဝန်ထမ်းများအပေါ်တွင် ဖိအားပေးလုပ်ဆောင်မှုများရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ရုံးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာကောင်စီဖွဲ့ဝင်များမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ အမှာစကားပြောကြားရာတွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ရုံးပိုင်းဆိုင်ရာကိစ္စရပ်များကို ပြောကြားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊  ဌာနဆိုင်ရာများ၏ ရုံးလုံခြုံရေး၊ လူပုဂ္ဂိုလ်နှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိရာ အချိန်နှင့်တပြေးညီတင်ပြရန်လိုအပ်ကြောင်း၊ ဆန္ဒဖော်ထုတ် ခြင်းကိုအကြောင်းပြု၍ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ခြင်းကို ထိန်းသိမ်းခြင်းနှင့် တိုင်းဒေသကြီးအတွင်း ဝင်ထွက်စစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးမှ ဆွေးနွေးရာတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ရန်ပုံငွေထုတ်ယူ ခြင်းဆိုင်ရာကိစ္စရပ်များကို ညွှန်ကြားချက်နှင့်အညီအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

19-Mar-2021