ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် မြို့တော်ခန်းမ၌ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့များသို့ အမှိုက်သိမ်း ဟိုက်ဒရောလစ် သုံးဘီးယာဉ်များ လွဲပြောင်းပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျက်သရေတော်ဆောင်  ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ ဦးမောင်ကြီး အာရုံခံ တန်ဆောင်းတွင် ကျင်းပပြုလုပ်သည့် (၆၄)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း အသံမစဲရွတ်ဖတ် ပူဇော်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့တော်ခန်းမတွင် ကျင်းပြုလုပ်သည့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း)ဖြင့် ဝယ်ယူထားသော အမှိုက်သိမ်းဟိုက်ဒရော လစ်သုံးဘီးယာဉ်(၃၄)စီးအား မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနား၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် စည်ပင်သာယာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြရာတွင် စွန့်ပစ်အမှိုက်သိမ်းဆည်းစွန့်ပစ်သည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လိုအပ်သည့်အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီးယာဉ်များကို ယခုဘဏ္ဍာရေးနှစ် တွင် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်း လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၈.၂၈၅)သန်းဖြင့် တင်ဒါခေါ်ယူခဲ့ရာ General Arr Mahn Thit Co.,Ltd မှ ငွေကျပ်(၁၆၆.၆၀)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီးတင်သွင်းလာသည့် အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီး ယာဉ်(၃၄)စီးအား လွှဲပြောင်းထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊  စည်ပင်သာယာရေးအဖွဲ့များ၏ပုံရိပ်ဟာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ပုံရိပ်ဖြစ်သကဲ့သို့ စည်ပင်သာယာရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှသာ လုပ်ငန်းစွမ်းဆောင်နိုင်ရည်ပုံရိပ်များ ထင်ရှားပေါ်လွင်လာနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် လိုအပ်သည့် ယာဉ်/စက်ယန္တရားများကို ဖြည့်တင်းနိုင်ရန် ဝယ်ယူထောက်ပံ့ပေးရခြင်းလည်းဖြစ်ပါကြောင်း၊ ယနေ့လွှဲပြောင်းပေးအပ်သည့် အမှိုက်သိမ်း ဟိုက်ဒရောလစ်သုံးဘီးယာဉ်များကို မိမိတို့မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် မြို့တွင်းလမ်းကျဉ်း၊ လမ်းသွယ်များအရောက် အမှိုက်သိမ်းဆည်းပေးနိုင်ရေး အဆိုပါယာဉ်များ၏စွမ်းရည်ကို အသုံးပြုပြီး စည်ပင် သာယာရေးလုပ်ငန်းများကို မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ပိုမိုဖော်ဆောင် လုပ်ကိုင်ကြရမှာ ဖြစ်သလို အချိန်မတိုင်ခင် ပျက်စီးယိုယွင်းမှုမရှိရအောင် ယာဉ်များအားပြင်ဆင် ထိန်းသိမ်းမှုအပိုင်းကိုလည်း မျက်ခြေမပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ စည်ပင်သာယာရေး အဖွဲ့များအ​နေဖြင့် မိမိတို့တာဝန်ယူရသည့်မြို့အား သန့်ရှင်းသာယာရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ လမ်းတံတားများ ကောင်းမွန်စေရေးတို့အပြင် ပြည်သူလူထုအားလုံး စိတ်လက်ချမ်းသာစွာအပန်းဖြေနိုင်မည့် ပန်းခြံကဲ့သို့နေရာများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ကိုအမှိုက်များကြောင့် အကျည်းတန်မှုမရှိစေရေး ယခုထောက်ပံ့ပေးသည့် သုံးဘီးဆိုင်ကယ်ယာဉ်များကိုအသုံးပြုပြီး ရပ်ကွက်အစွန်အဖျား၊ လမ်းသွယ်လမ်းကြားများအထိ သန့်ရှင်းအောင် ဆောင်ရွက်ကြရန်နှင့် ပြည်သူပါဝင်သော အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို ပိုမိုအောင်မြင်အောင်ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များမှ သက်ဆိုင်ရာမြို့နယ်/မြို့စည်ပင် သာယာရေးအဖွဲ့များသို့ အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီး ယာဉ်များအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ General Arr Mahn Thit Co.,Ltd မှ သုံးဘီးယာဉ် လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ် တံဆိပ်ပေးအပ်ခဲ့ပြီး အမှိုက်သိမ်းဟိုက်ဒရောလစ် သုံးဘီယာဉ်များ ထောက်ပံ့ပေးအပ်ခြင်းအတွက် မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များ ကိုယ်စား ဧရာဝတီတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီယာဉ်များ၏ စက်စွမ်းရည်နှင့်မောင်းနှင်မှု များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

19-Mar-2021