ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြန်လည် ဆောင်ရွက်နိုင်ရေးအတွက်  ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၇)ရက်နေ့၊ နံနက် (၀၈၃၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက်  ပုသိမ်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးအား  သွားရောက်ကြည့်ရှု့ခဲ့ပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအရှိန်အဟုန်မပျက် စေရေးအတွက် (၁၁၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများလိုက်ပါလျက် ရေကြည်မြို့ နယ်၊ အင်းလျာကုန်း-သံဒင်း-နတ်စင်ငူ-ဇရပ်လှ ကျေးလက်လမ်း (၉မိုင်၂ဖာလုံ)ရှိပြီး ZW Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ (ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၁ မိုင် ၁ဖာလုံ၊ လမ်းအကျယ် ၁၂ပေ၊ လမ်းထုထည် ၇ လက်မ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆင်ကူးသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို  သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေကြည်မြို့ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ပြည်သူများအား  COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးလင်းက မြို့နယ်အတွင်းရှိ ပြည်သူ လူထု(၃၅၇၀)ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ပါကြောင်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ရေကြည်မြို့၊ မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း အုပ်ကြီးများ၏ စွမ်းရည်မြှင့်သင်တန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးသန်းမောင်က သင်တန်းဖွင့်လှစ်ပို့ချနေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများသည် နိုင်ငံရေးပယောဂများကြောင့်  အလုပ်ခွင်နှင့် ကင်းကွာလျက်ရှိနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရကြောင်း၊ မွန်မြတ်လှသည့် အာစရိယဂုဏ်ကို ထိန်းသိမ်းလျက် ယခုကဲ့သို့ စွမ်းရည်မြင့်သင်တန်းဖွင့်လှစ်ပြီး မိမိတို့တပည့် သားသမီးများအတွက် ကြိုးစား ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည့်အတွက်ဝမ်းသာမိပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

17-Mar-2021