ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ငွေဆောင်မြို့၊ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

 

          ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၆)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ငွေဆောင်/ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကား ပြောကြားရာတွင် ငွေဆောင်/ချောင်းသာမြို့များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများကို ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ တားဆီးကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများပြန်လည်ဖွင့်လှစ်ရာတွင် မဖွင့်လှစ်မီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ခရီးသွားလာမှု ဝန်ဆောင်မှုကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းပြီး ကနဦး စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့မှ စစ်ဆေးပြီးထောက်ခံတင်ပြလာပါက အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင် များမှလည်း ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များမှ မိမိတို့၏ဟိုတယ်၊ မိုတယ်များတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ထရန်စဖော်မာများ၊ လျှပ်စစ်ဓာတ်ကြိုးများကို အမြန်ဆုံးသွယ်တန်း ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာဌာနသို့ အမြန်ဆုံးတင်ပြသွားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနမှလည်း လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်ဖြန့်ဖြူးသွား မည်ဖြစ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေး ကိစ္စရပ်များဆောင်ရွက်ရာတွင် ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်များမှလည်း ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်းနှင့် လုပ်ငန်းရှင်များမှတင်ပြလာသည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

30-Nov--0001