ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များအား Covid-19 ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှု့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲရိပ်သာခန်းမ၌ ၂၀၂၁ခုနှစ်၊မတ်လ (၁၄)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူနှင့်ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်(၂၂၄)ဦး၊ စာရေးဝန်ထမ်း(၁၁)ဦး၊ မိသားစုဝင်(၁၅)ဦး၊ စုစုပေါင်း(၂၅၀)ဦးတို့အား  အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄)စစ်မြေပြင် ဆေးတပ်ရင်းမှပါရကူများ၊ ဆရာဝန်များက Convid-19  ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း ပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ Covid-19 ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံရာတွင် သိရှိလိုက်နာ ရှောင်ကြင်ရမည့်အချက်များအား မဆရ(၄)မှဗိုလ်ကြီး စိုးသက်ဦးမှ ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ပါတယ်။

 အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးကြီးတင်ဇော်ထွန်းနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါတယ်။

14-Mar-2021