နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညှိနှိုင်းပြုစု ရေးဆွဲပြီးစီးကြောင်းအတည်ပြု

နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညှိနှိုင်းပြုစု ရေးဆွဲပြီးစီးကြောင်းအတည်ပြုချက်အား မတ်လ(၃၁)ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့မှအဖွဲ့ဝင်များ လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းအပေါ် တစ်ဖက်နှင့်တစ်ဖက်အကြား ယုံကြည်ကိုးစားမှု၊ ယုံကြည်စိတ်ချမှုနှင့် ပူးပေါင်းဆောင်ရွက်မှုခြေလှမ်းသစ်တစ်ခုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ နှစ်(၆၀)ကျော် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား သဘောတူညီမှုမှာ ဇွဲလုံ့လစိတ်စေတနာကောင်းကြောင့် ဖြစ်ပါကြောင်း၊ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့တို့ နှစ်(၆၀)ကျော်ပဋိပက္ခအပေါ် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည့် သမိုင်းဝင်ထူးခြားသော အောင်မြင်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ ယင်းသမိုင်းဝင်ဆောင်ရွက်ချက်ဖြစ်ရပ်ကို ကြိုဆိုထောက်ခံပြီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တို့ကို ဂုဏ်ယူလေးစားမိပါ ကြောင်းနှင့် သဘောတူစာချုပ်ကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့မှုသည် ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် ဘေးအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာနိုင်ငံသူ /သားများအတွက် သတင်းကောင်း တစ်ရပ်ဖြစ်ပါသဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူလူထုအားလုံးက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညှိနှိုင်းပြုစု ရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အား လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအပေါ် လှိုက်လှဲစွာ ကြိုဆိုထောက်ခံအပ်ပါသည်။

20-Jun-2016