ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၈.၂၀၁၉)ရက်နေ့ ၊ နံနက် (၀၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရအဖွဲ့အတွင်းရေးမှူး ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်ဝတ္တုငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Photo By : Wai Zin

30-Nov--0001