ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော မြန်အောင်တာမိုင် ၆/၃ တာခြေအနီး ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ကူညီဆောင်ရွက်ပေးကြသောအဖွဲ့များအား ဂုဏ်ပြု‌ဆုငွေများချီးမြှင့်ခြင်းနှင့် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်မြင့်စားကျက်စိုက်ခင်းနှင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအားသွားရောက်ကြည့်ရှု့

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိုးရာသီကာလမတိုင်မီကပင် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်သူများအား ကြိုတင်အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းပါးများနှင့် ရေကာတာ/ ပန်းတာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးထိန်းချုပ်ကာကွယ်တားဆီးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၉)ရက်နေ့၊ (၀၈၀၀)နာရီအချိန်၌ ဟင်္သာတခရိုင်၊ မြန်အောင်မြို့သို့ သွားရောက်ခဲ့ပြီး မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ ကမ်းပြိုနေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကာ ကမ်းပြို/ကမ်းစားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်လုပ်ဆောင်မည့် ကမ်းထိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် အခြေအနေများအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်းနှင့် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့က လိုအပ်ချက်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင် တာမိုင် ၆/၃ အနီး မကျီးစုတာ ကမ်းပြိုမှုကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသောအဖွဲ့များဖြစ်သည့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ ရောင်နီစက်ရုံမှဝန်ထမ်းများကိုယ်စား တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်အဖွဲ့တို့သည် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုသို့ သွားရောက်ခဲ့ပြီး ရှောက်ခုံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၄၈)၊ တောင်ပုံတန်းအနောက်ကွင်းတွင် ဧရာဝတီမွေးမြူရေးကျေးရွာ(၃)၊ အဆင့်မြင့်စားကျက်စိုက်ခင်းနှင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား သွားရောက်ကြည့်ရှု့ခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်းတင်ပြခဲ့ကြပြီး စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြ​ပါသည်။

30-Nov--0001