ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်း ပါးများပြိုကျပျက်စီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် သွားရောက်ကြည့်ရှု့စစ်ဆေးခြင်းနှင့် ပြောင်းရွှေ့အိမ် ထောင်စုများအားထောက်ပံ့ခြင်း

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိုးရာသီကာလမတိုင်မီကပင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ် ငန်းစဉ်များနှင့် ပြည်သူများအား ကြိုတင်အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ပြည့်နှစ် မိုးရာသီကာလတွင် မိုးသည်းထန်စွာ ရွာသွန်း ခြင်းနှင့် ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းပါးများနှင့် ရေကာတာ/ ပန်းတာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးထိန်းချုပ်ကာကွယ်တားဆီးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ၂၀၂၀ပြည့်နှစ် ဇူလိုင် လ၂၈ရက်နေ့ ၁၆၀၀ အချိန်တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့သွားရောက်ခဲ့ပြီးမြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျပျက်စီးခဲ့မှု အခြေအနေများနှင့် ဦးမိုးလေးတာပျက်စီးဆုံးရှုံးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ယာယီကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က တာဝန်ရှိသူများအား ယာယီကမ်းထိန်းလုပ်ငန်းဆောင် ရွက်နေမှုနှင့်ပတ်သက်၍ လိုအပ်သည်များနှင့် အခက်အခဲများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့အချိန်နှင့်တပြေးညီတင်ပြသွားရန်နှင့် လတ်တလောလုပ်ငန်းသည်လည်းထိရောက်သော လုပ်ငန်းဖြစ်စေရေး၊ အလေ့အလွင့်နည်းပါး၍ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ သောလုပ်ငန်းဖြစ်စေရေးအလေးထားဆောင်ရွက်သွားကြရန်နှင့် ရေရှည်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ရမည့်အခြေအနေများကိုပါ ယခုကာလမှစ၍ မှတ်တမ်းထားကာ စီမံကိန်းတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ဦးမိုးလေးတာအနီးရှိ ယာယီ မဏ္ဍာပ်တွင် ဖောင်ဆိပ်ကျေးရွာ၊တာငုတ်‌ ကျေးရွာနှင့် ငှက်‌ပျောတောကျေးရွာ(၃)ရွာတို့မှ မြစ်ရေကြီးမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး မိသားစုဝင်များအား အားပေးနှစ်သိမ့်စကားများပြောကြား ခဲ့ကာ ပြောင်းရွှေ့အိမ်ထောင်စု(၅၅)စုတို့အား တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ(၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ ( ၁၆၅၀၀၀၀ )ကျပ်တိတိအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

30-Nov--0001