ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အစိုးရအဖွဲ့ တစ်ခုလုံးရာ၊ ဌာနဆိုင်ရာများ အားလုံးက ပြည်သူကို မျက်နှာမူပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရန်၊ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်ဦးချင်း ဝင်ငွေမြင့်တက်လာရန်၊ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး စက်မှုဇုံများ၊ ကမ်းခြေစီမံကိန်းများ၊ ကမ်းခြေဒေသဖွံ့ဖြိုးမှုစီမံကိန်းများ အမြန်ဆုံး အကောင်အထည်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုလိုလားသော အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ၊ အင်အား (၂၁၁၄၃)ဥိးအား သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း၊ အစိုးရ၏ ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ပြည်သူလူထု နားလည်သဘောပေါက်စေရန်၊ လူမှုစီးပွားဆိုင်ရာများ ဖွံ့ဖြိုးလာစေရန်၊ ပြည်သူများ၏ အခက်အခဲများ ဖော်ထုတ်ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ပြီး လူထုတွေ့ဆုံပွဲများကို ၂၀၁၉ ခုနှစ်၊ မတ်လမှစပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအဖွဲ့သာမက မြိုနယ်အဆင့်ဌာနဆိုင်ရာများကိုပါ ကွင်းဆင်းစေပြီး ဒေသခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Mobile Service Delivery ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁)သန်းကျော်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၂၆)ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၄၆)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၀.၇၅၇)သန်းနှင့် မြန်မာကျပ်ငွေ (၇၁၃.၇၉)ဘီလီယံရှိပြီး အလုပ်အကိုင်အခွင့်အလမ်း (၂၂၆၈၁)နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ မြေစစ်ကော်မတီအနေဖြင့် ဗဟိုနှင့်တိုင်းဒေသကြီးသို့ တိုက်ရိုက်တိုင်ကြားသည့် အမှုပေါင်း (၃၅၇၉)ခုအနက် (၃၁၅၂)မှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၈၈)ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေများ တောင်သူများသို့ ပြန်လည်ပေးအပ်လျက်ရှိရာ တောင်သူ (၂၀၆၅)ဦးလက်ဝယ်သို့ (၁၁၉၉၃)ဧကပြန်လည်ပေးအပ်နိုင်ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထရန်စဖော်မာ (၁၇၁)လုံး၊ (၄၀၀)ဗို့ ဓာတ်အားလိုင်း (၂၉.၇၆)မိုင် (၁၁)ကေဗွီ (၁၀၆.၂၂)မိုင် တိုးတက်တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ပုသိမ်မြို့ ရေပေးဝေရေး စီမံကိန်း (333 JICA ODA LOAN) မြန်မာကျပ်ငွေ (၁၇.၂၇၂)ဘီလီယံဖြင့် မြို့ရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေစုစုပေါင်း (၆၀၄၉)သိန်းကျော် ပေးအပ်နိုင်ခဲ့ကြောင်း၊ NFPE ကို မြို့နယ် (၁၄)မြို့နယ်တွင် အခြေစိုက်စခန်း (၇၆)ခု ဖွင့်လှစ်ကာ ကျောင်းသား (၁၀၈၂)ဦး ပို့ချလျက်ရှိကြောင်း၊ ကျန်းမာရေး အထောက်အကူပြု ကော်မတီများအား ဖွဲ့စည်းထားပြီး တစ်မြို့နယ်လျှင် အစိုးရအနေဖြင့် ရုံးအဖွဲ့မှူး တစ်ဦးခန့်အပ်ထားပြီး ရုံးအဖွဲ့မှူး တစ်ဦးလျှင် လစဉ် (၂)သိန်းကျပ် ထောက်ပံ့လျက်ရှိကြောင်း၊ COVID – 19 ထိန်းချုပ်ရေးအတွက် ငွေကျပ် (၅၇၉)သန်းသုံးစွဲပြီးဖြစ်ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နေကြသူများအနေဖြင့် ပြည်သူလူထုနှင့်ထိတွေ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးကြရန် တိုင်တွန်းကြောင်းနှင့် ပြည်သူလူထုနှင့် ထိတွေ့ရာတွင် လစ်ဟာမှုဖြစ်ပါက အဓိက တာဝန်ယူဆောင်ရွက်ပေးနေသော သတင်းမီဒီယာများကလည်း ပူးပေါင်းကူညီပေးနေမှုကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ပေးကြရန် အားကိုးလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများမှ သိလိုသည်များ မေးမြန်ရာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအာင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ပါသည်။

Photo by : Wai Zin

30-Nov--0001