ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျင်းပပြုလုပ်သည့် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်သည့်အခမ်းအနားအား တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးဝန်ကြီးများတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ပေးထားသော မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီးမူလပိုင်ရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် မူလပိုင်ရှင်များထံသို့ မြေယာလုပ်ပိုင်ခွင့်ပြုလက်မှတ်များပေးအပ်ခြင်း၊ နစ်နာကြေး/လျော်ကြေးများ ပေးအပ်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စွန့်လွှတ်မြေမူလပိုင်ရှင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံမြေများနှင့်ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ပေးထားသော မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပြီး စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်ခြင်း၊ လျော်ကြေး/နစ်နာကြေးပေးအပ်ခြင်းများကို မူလတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အလေအလွင့်မဖြစ်စေရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံမြေများကိုလည်း ကော်မတီအသီးသီးက အမြန်ဆုံးစိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျော်ကြေး/နစ်နာကြေးပေးလျော်ရမည့် ကိစ္စရပ်များကိုလည်း ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လက်ထက်(၄)နှစ်တာကာလအတွင်း သိမ်းဆည်းမြေများအား ပြန်လည်စွန့်လွှတ်ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး မြို့နယ်ပေါင်း(၁၉)မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စုရှိ တောင်သူပေါင်း(၂၀၅၃)ဦး၊ ဧရိယာ(၁၁၉၅၆.၈၀၉)ဧကကို လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီး မြောင်းမြခရိုင်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူပေါင်း(၈၁)ဦးထံသို့ စွန့်လွှတ်မြေဧရိယာ(၂၆၃.၈၇)ဧကအား ပေးအပ်နိုင်ခဲ့ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ မူလတောင်သူများထံ အမြန်ဆုံးပေးအပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရသကဲ့သို့ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြပါသော လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအသီးသီး ကိုလည်း အသိအမှတ်ပြုပါကြောင်း၊ စွန့်လွှတ်မြေများအား ပြန်လည်ရရှိသည့် မူလပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ပိုင်မြေများအားအသုံးပြု၍ မိမိတို့၏လူမှု၊ စီးပွား၊ ဘဝများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအသီးသီးမှ ကော်မတီဝင်များနှင့်တာဝန်ရှိသူများက မူလပိုင်ရှင်များလက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြုလက်မှတ်ယာယီပုံစံ(၃)များ အားပေးအပ်ခဲ့ကြပြီး ယာယီပုံစံ(၃)လက်ခံရရှိသောတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

30-Nov--0001