ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ပညာရေးကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre များသို့ သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID – 19)နှင့်ပတ်သက်ပြီး ရောဂါရောက်ရှိပြန့်ပွားခြင်းမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အရှိန်အဟုန်မြှင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့၊ (၁၁၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ကြီးကြပ်ရေး ဦးစီးကော်မတီဝင်များလိုက်ပါလျက် ပုသိမ်ပညာရေးကောလိပ်သို့ သွားရောက်ပြီး Facility Quarantine Centre များတွင် ထားရှိသူများအား ကျွေးမွေးရန် ထမင်းနှင့်ဟင်းများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုပြီး ကူညီဆောင်ရွက်ပေးနေသော Volunteer များအား ဂုဏ်ပြုအားပေးစကားများ ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်နှင့် တေဇဆောင်တို့တွင် ဖွင့်လှစ်ထားရှိသော Facility Quarantine Centre များသို့ သွားရောက်ကာ Quarantine Centre ရှိတာဝန်ရှိသူများမှ Quarantine Centre တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး Quarantine Centre တွင် ကူညီဆောင်ရွက်ပေးနေသော Volunteer များအား ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပါသည်။ နန္ဒဆောင် Facility Quarantine Centre တွင် ကျား/မ (၆၄)ဦးနှင့် တေဇဆောင် Facility Quarantine Centre ကျား/မ (၉၀)ဦးတို့အား Quarantine ထားရှိပါသည်။

Photo By : Wai Zin

30-Nov--0001