ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်နှင့် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့များရှိ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာတမံများပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ၀န်ရှိဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့နယ်အတွင်းရှိ တာတမံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိဌာနဆိုင်ရာများမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အ​ခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့မှ မအူပင်ခရိုင်အတွင်းရှိ တာတမံများ ပြုပြင်မွမ်းမံရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀၀)တိတိအား ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညောင်တုန်းမြို့၊ တိုက်သစ်ကျောင်းတိုက်၊ သာသနာ့ဗိမာန်အတွင်ရှိ ရေဘေးသင့်ပြည်သူများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်အတွင်းရှိ တာတမံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိဌာနဆိုင်ရာများမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ဓနုဖြူမြို့နယ်၊ အောင်သပြေကျောင်းတိုက်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား လှည့်လှည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားကာ ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ တာတမံများအား လှည့်လည်ကြည့်ရှုပြီး ရွှေကူရပ်ကွက်၊ ရွှေဟင်္သာကျွန်းစာသင်ကျောင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားကာ ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး လိပ်ချောင်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာအတွင်းရှိ တာတမံများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ် အတွင်းရှိ တာတမံများနှင့် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အတွင်းရှိ တာတမံများ ပြုပြင်မွန်းမံထားရှိမှု အ​ခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

15-Aug-2016