ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်တက္ကသိုလ် တေဇဆောင်တွင် ဖွင့်လှစ်ထားရှိသည့် Facility Quarantine Center သို့ သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID – 19)နှင့်ပတ်သက်ပြီး ရောဂါရောက်ရှိပြန့်ပွားခြင်းမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အရှိန်အဟုန်မြှင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၃)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ကြီးကြပ်ရေးဦးစီးကော်မတီဝင်များ လိုက်ပါလျက် ပုသိမ်တက္ကသိုလ် တေဇဆောင်တွင် ဖွင့်လှစ်ထားရှိသည့် Facility Quarantine Center သို့ သွားရောက်ရာ Quarantine Center ရှိ တာဝန်ရှိသူများမှ Quarantine Center တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး Quarantine Center တွင် ကူညီဆောင်ရွက်ပေးနေသော Volunteer များအား အားပေးစကား ပြောကြားခဲ့ပါသည်။ တေဇဆောင် Facility Quarantine Center တွင် မလေးရှားနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား ကျား (၁၇)ဦးနှင့် မ (၁)ဦးတို့အား Quarantine ထားရှိခြင်း ဖြစ်ပါသည်။

Photo By : Wai Zin

30-Nov--0001