ဧရာဝတီတိုင်းဒေသကြီးအဆင့်(COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင် များသည် မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်များနှင့် Facility Quarantine Center များအား သွားရောက်ကြည့်ရှု့၊ စစ်ဆေး၊ အားပေး၊ ဂုဏ်ပြု၊ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှ မိုးအောင်နှင့် ကော်မတီဝင်များဖြစ်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အိမ်မဲမြို့၊ မြောင်းမြမြို့နှင့်လပွတ္တာမြို့များသို့ သွားရောက်ခဲ့ပြီး မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ပြီး စစ်ဆေးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအဖွဲ့အစည်းများအား အားပေးဂုဏ်ပြုစကားများ ပြောကြားခဲ့ကာ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သော Mask /လက်အိတ်၊ လက်သန့်ဆေးရည်နှင့် ဖုန်းSim Card/ ငွေဖြည့်ကဒ်များအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါမြို့များသို့ သွားရောက်ရာမှာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် အိမ်မဲမြို့၊ မြို့မလေ့ကျင့်ရေးဘောလုံးကွင်း၌‌ ယာယီဈေးဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် အမှတ်(၁)အခြေခံပညာအထက်တန်ကျောင်း၌ ဖွင့်လှစ်ထားရှိသော Facility quarantine၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းနှင့်ပရယတ္တိစွမ်းအားတောရကျောင်းတိုက်တို့၌ ဖွင့်လှစ်ထားရှိသော Facility quarantine ၊ လပွတ္တာမြို့ ၃ မိုင်မြို့သစ် အခြေခံပညာအထက်တန်းကျောင်း၊ စက်မှုလက်မူပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့၌ ဖွင့်လှစ်ထားရှိသော Facility quarantine များအား သွားရောက်ကြည့်ရှုခဲ့ကာ တာဝန်ရှိသူများအား အားပေးဂုဏ်ပြုစကားများပြောကြားခဲ့ပါတယ်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် လပွတ္တာမြို့၊ မြို့နယ်အား/ကာဌာနပိုင် ရဲတံခွန်အားကစားခန်းမ(၉၄×၅၄)ပေအား ပါကေးခင်းကျင်းနေမှုအခြေအနေ၊လပွ တ္တာမြို့၊အမှတ်(၇)ရပ်ကွက် ဩဘာလမ်း၊ လမ်းအရှည် ၁၉၅၀ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၈ လက်မအထူ ကွန်ကရစ်လမ်းခင်းပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေနှင့် အမှတ်(၉)ရပ်ကွက်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၄၀.၀၀)သန်းဖြင့် ရေဖြူကန်(၄)ကန် ပြန်လည်တူးဖေါ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှူ စစ်ဆေးခဲ့​ပါသည်။

Photo by : Wai Zin

30-Nov--0001