ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသည့် မြို့အဝင်စစ်ဆေးရေးဂိတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ လိုက်လံကြည့် ရှု့စစ်ဆေး၊ အားပေးဂုဏ်ပြုလှူဒါန်းခြင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း Coronavirus Disease (COVID-19)ရောဂါရောက်ရှိပြန့်ပွှားခြင်းမရှိစေရေးအတွက် ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအားCoronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ နှင့်အညီ စီမံချက်များရေးဆွဲချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် တိုင်းဒေသကြီးအဆင့် Coronavirus Disease (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကော်မတီဝင်များနှင့်အတူ တိုင်းဒေသကြီး၏ အဓိကဝင်ပေါက်ဖြစ်သော မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ မဲဇလီစစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ပူးပေါင်းအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးနေမှုအခြေအနေများနှင့် ခရီးသွားမှတ်တမ်းရယူခြင်းဆိုင်ရာကိစ္စဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး စစ်ဆေးရေးအဖွဲ့များအနေဖြင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအား အပေါ်ယံဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ တိုင်းဒေသကြီးအား Coronavirus Disease(COVID-19)ရောဂါ မကျ ရောက်စေရေး အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားကြရန်နှင့် ကာလကြာရှည်မှုကိုခန့်မှန်း၍မရသဖြင့် ထုတ်နုတ်အင်အားကိုစိစစ်ချင့်ချိန်၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးပူးပေါင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များအနေဖြင့် စည်းလုံးညီညွှတ်စွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စစ်ဆေးရေးအဖွဲ့များအတွက် ကာကွယ်ရေးပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ Mask / လက်အိတ်များ၊ ဖုန်းဆင်းကဒ်နှင့်ငွေဖြည့်ကဒ် များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ညောင်တုန်းမြို့ရှိ ဧရာဝတီ တိုင်းဒေသကြီးအဝင်နယ်စပ်(၁၈မိုင်/၀ဖာလုံ)သို့ သွားရောက်၍ စစ်ဆေးရေးဂိတ်ထားရှိမည့် နေရာအား သွားရောက်ကြည့်ရှု့ခဲ့ကာ တာဝန်ရှိသူများအား စစ်ဆေးရေးဂိတ်အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်အဖွဲ့တို့သည် ပန်းတနော်မြို့တွင် ဖွင့်လှစ်ထားရှိသည့် မြို့အဝင်စစ်ဆေးရေးဂိတ်အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ Mask / လက်အိတ်များ၊ ဖုန်းဆင်းကဒ်နှင့်ငွေဖြည့်ကဒ်များအား ထောက်ပံ့ပေး အပ်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့သို့ လာရောက်သည့် လမ်းတစ်လျှောက်ရှိ ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ပုသိမ်မြို့ဝင် စစ်ဆေးရေးဂိတ် များအား ကော်မတီဝင်များနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ပြီး ပူးပေါင်းအဖွဲ့များအနေဖြင့် ကျန်းမာရေးစစ်ဆေးနေမှုအခြေအနေများ၊ ခရီးသွားမှတ်တမ်းရယူခြင်းဆိုင်ရာကိစ္စ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး စစ်ဆေးရေးအဖွဲ့များအနေဖြင့် တိုင်းဒေ သကြီးအား Coronavirus Disease (COVID-19)ရောဂါ မကျရောက်စေရေး အမျိုးသား တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားကြရန်နှင့် ကာလကြာရှည်မှုကို ခန့်မှန်း၍မရသဖြင့် ထုတ်နုတ်အင်အားကိုစိစစ်ချင့်ချိန်၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးပူးပေါင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များအနေဖြင့် စည်းလုံးညီညွှတ်စွာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စစ်ဆေးရေးအဖွဲ့များအတွက် ကာကွယ်ရေးပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ Mask/ လက်အိတ်များနှင့် ဖုန်းဆင်းကဒ်နှင့်ငွေဖြည့်ကဒ်များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Photo By : Wai Zin

30-Nov--0001