ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း (COVID-19)ရောဂါ ကြိုတင်ကာကွယ်/ ထိန်း ချုပ်/ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖွင့်လှစ်ထားရှိသော Facility Quarantine Centre များအား တိုင်းဒေသကြီးဝန်ကြီးချုပ်လိုက်လံကြည့်ရှု့စစ်ဆေးခြင်းနှင့်ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ရေးပစ္စည်းများနှင့်အလှူငွေများအား ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း Coronavius Disease (COVID−19)ရောဂါကြိုတင်ကာကွယ်/ထိန်းချုပ်/ကုသရေးလုပ်ငန်းများအားကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များဖြင့်အညီကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊စေတနာ ရှင်/အလှူရှင်များဖြင့် (COVID−19)ရောဂါကြိုတင်ကာကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ် ဧပြီလ(၄)ရက်နေ့ (၀၉၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနဝန်ကြီးဦးဌေးဝင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းတို့နှင့်အတူ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဘက်ရဲမြို့နှင့် ကြံခင်းမြို့သာသနာ့ဗိမာန်တို့၌ ဖွင့်လှစ်ထားရှိသော Facility Quarantine Centre များအားလိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကာ ကြံခင်းမြို့စည်ပင်သာယာဈေးအတွင်း မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေးပက်ဖျန်းနေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်းနှင့် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဧရာဦးခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (COVID-19)ရောဂါ ကြိုတင်ကာကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေ ကျပ်သိန်း(၁၂၀)နှင့် Mark / လက်သန့်ဆေး၊ လက်အိတ်များအား တာဝန်ရှိသူများထံပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့၊ အထက(၂) နေခြည်ကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre အားကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကာ (COVID-19) ရောဂါ ကြိုတင်ကာကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေကျပ်သိန်း(၁၂၀) နှင့် Mark/လက်သန့်ဆေး၊ လက်အိတ်များအား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပါပြီး မြန်အောင်မြို့၊ နေခြည်ဈေးအတွင်း မီးသတ်ဝန်ထမ်းများမှ ပိုးသတ်ဈေးပက်ဖျန်းနေမှုအခြေအ‌နေများအား ကြည့်ရှု့စစ်ဆေးခြင်း၊ မြန်အောင်မြို့နယ်အတွင်းရှိ ကနောင်မြို့နှင့် ရွှေကျင်တိုက်နယ်အုပ်စု၊ သပြေကုန်းတိုက်နယ်အုပ်စုတို့တွင် ဖွင့်လှစ်ထားရှိသော Facility Quarantine Centre များအားလိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကာ သပြေကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော Mark/လက်သန့်ဆေး၊ လက်အိတ်များနှင့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများအတွက်လိုအပ်သောပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် အင်္ဂပူမြို့နယ်သို့ ဆက်လက် ထွက်ခွာခဲ့ပြီး အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (COVID-19) ရောဂါ ကြိုတင်ကာကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေ ကျပ်သိန်း (၁၂၀) နှင့် Mark/ လက်သန့်ဆေးနှင့် လက်အိတ်များအားတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

06-Apr-2020