ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့တွင် လူမှု ဝန်ထမ်းကယ်ပြန်ဝန်ကြီးဌာနမှ သဘာဝဘေး(လေပြင်းဘေး) ကြိုတင်ကာကွယ်နိုင်ရေး လေဘေးဒဏ်ခံနိုင်သည့်နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်

၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းတို့နှင့်အတူ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ နယ်၊ ကြာအင်းအုပ်စုရှိ သဘာဝဘေးဒဏ်အများဆုံးဖြစ်ပွား လေ့ရှိသည့် ကံဆယ်ကျေးရွာနှင့် မြန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စုရှိ သဘာဝဘေးဒဏ်အများဆုံးဖြစ်ပွားလေ့ရှိသည့် ဘုရားလှကျေးရွာနှင့်ဘုရားကြီးကုန်းကျေးရွာတို့သို့သွားရောက်ခဲ့ပြီး သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး လေဘေးဒဏ်ခံနိုင်မည့် နေအိမ်များဆောက်လုပ်နိုင်ရေးအတွက် လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆောက်လုပ် ရေးပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခြင်းနှင့် ခိုင်ခန့်မှုအားနည်းသည့် နေအိမ်များ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ကြည့်ရှု့စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

(ဧရာဝတီတိုင်းဒေသကြီးသည် မိုးဦးကာလတွင် နှစ်စဉ်လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်လေ့ရှိပြီး ခိုင်ခန့်မှုအားနည်းသော အဆောက်အဦများအား လေပြင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူကယ်ပြန်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၂၆)မြို့နယ်အနက် သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပွားလေ့ရှိသည့် မြို့နယ်(၂၅)မြို့နယ်သို့ အိမ်ခြေ(၁၀၀)စီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိနိုင်ရန် ရံပုံငွေခွင့်ပြုချထားပေးခဲ့ပြီး တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၅၀၀၀)တန်ဖိုးရှိ ဝါး/ ဓနိ/ သက်ကယ်/ နှီး/ ထရံ/ သွပ်နန်းကြိုးစသော အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။)

06-Apr-2020