ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာ အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ကျင်းပပြုလုပ်သော ကျေးလက်လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဘက်စုံ/ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်၍ ပြည်သူလူထုများလူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ၇ရက်နေ့၀၈၀၀အချိန်တွင် ကျောင်း ကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊လှည်းဆိပ်ကျေးရွာတွင် ကျေးလက်လျှပ် စစ်မီးဖွင့်ပွဲအခမ်းအနားအား ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးထူးလွင်နှင့် လွှတ်တော်ကိုယ်စား လှယ်များ၊တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊
ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနား(ပထမပိုင်း)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည်းဆိပ်ကျေးရွာအုပ် စုအတွင်းရှိ ကျေးရွာ (၄)ရွာသို့ ကျေးလက် လျှပ်စစ်မီးစတင်ဖြန့်ဖြူးခြင်းအထိမ်းအ မှတ်အဖြစ် ကျေးလက်လျှပ်စစ်မီးဖြန့်ဖြူးခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် အခမ်းအနား(ဒုတိယပိုင်း) အစီ အစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသောလုပ်ငန်းစဉ်များဖြစ်ပြီး ပြည်သူကိုဗဟိုပြုသည့်ပြည်သူ့အစိုးရလက်ထက်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကိုနိုင်ငံတော်ဘဏ္ဍာငွေဖြင့်ဆောင်ရွက် ပေးနေသလို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ NEP စီမံကိန်းဖြင့် ကျေးလက်မီးလင်းရေးလုပ် ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လှည်းဆိပ်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း(၄)ရွာလျှပ်စစ်မီးရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း(၃၀၈)သန်း နှင့် ဖြည့်စွက်ရန်ပုံငွေ (၁၂၀)သန်းတို့ဖြင့် ဓါတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများအားဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့်လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပုသိမ်မြို့နယ်အတွင်းရှိ မီးလင်းချိုင်ဒေသတွင် သဘာဝဓါတ်ငွေသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင် မိမိတို့တိုင်းဒေသကြီးအနေဖြင့် လှိုင်သာ ယာမဟာဓါတ်အားလိုင်းမှ ဓါတ်အားရယူခြင်းအစား မိမိတို့ဒေသမှ ထုတ်လုပ်သည့် ဓါတ်အားကို အပြည့်အဝသုံးစွဲနိုင်တော့မည့်အပြင် လှိုင်သာယာ မဟာဓါတ်အားလိုင်းသို့ပါ ပြန်လည်ပို့လွှတ်ပေးနိုင်‌သောအဆင့်အထိ ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊တိုင်းဒေသကြီးအစိုးရအနေဖြင့် အစိုးရ၏ ဘဏ္ဍာ‌ငွေဖြင့် ဘက်စုံထောင်စုံမှ မျှဝေသုံးစွဲ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများကလည်း မိမိတို့၏ရှိသည့်အားဖြင့် ပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့သော ကြောင့် ယနေ့လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာ/ မြို့နယ်/ခရိုင်/တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရဖြင့် အတူလက်တွဲပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင် နီယာချုပ်က လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများအား ရှင်းလင်းတင်ပြခြင်း၊လှည်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးပိုင်က ကျေးရွာမီးလင်းရေး ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီးအခမ်းအနားအားရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

11-Mar-2020