ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် အကြိမ် (၃၀)မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများ ရရှိသော အားကစားသမားများကိုလည်း ဂုဏ်ပြုပေးလျက်ရှိရာ အကြိမ် (၃၀)မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၆)ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယခုလိုအောင်မြင်မှုများ ရရှိသည့်အတွက် တိုင်းဒေသကြီးအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားသမားများ အနေဖြင့် ဆုများရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အစိုးရမှလည်း အားပေးနေပါကြောင်း၊ ပုံမှန်ကြိုးစားပေးကြရန်နှင့် အစိုးရမှလည်း တတ်နိုင်သလောက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ အကြိမ် (၃၀)မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး အားကစားသမားတစ်ဦးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

Photo By : Wai Zin

06-Mar-2020