ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ကျုံမငေးမြို့၊ ဈေးကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် (၉၁)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်

၂၀၂၀ပြည့်နှစ်၊မတ်လ၅ရက်နေ့(၁၂၀၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ဈေးကျောင်းပရိယတ္တိစာသင်တိုက်ရှိ မြတ်စွယ်တော်တန်ဆောင်းတွင် (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓ မဟာ စွယ်တော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးတရားသူကြီး ချုပ်ဦးသန်းထွန်း၊ တိုင်းဒေသကြီးလွှတ် တော်ဒုဥက္ကဌဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်း၊လွှတ်တော်ကိုယ်စားလှယ် များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြတ်စွယ်တော်ဂေါပကအဖွဲ့များ၊ ဘုရားဖူးဧည့်သည်တော်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။


 ရှေးဦးစွာ ဆရာတော်/သံဃာတော်များ၏ ဦးဆောင်မှုဖြင့် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး သြဝါဒစရိယဆရာတော်ကြီးများထံမှငါးပါး သီလခံယူဆောက် တည်ခြင်း၊ သြဝါဒကထာများနာကြားခြင်းများဆောင်ရွက်ခဲ့ပြီး ဆရာတော် /သံဃာတော်များ၏ဦးဆောင်မှုဖြင့် ရှင်ဥပဂုတ္ထမထေရ်မြတ်နှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါ များအားပင့်ဆောင်သည့်ဂါထာတော်များအား ရွတ်ဆိုပင့်ဆောင်ခဲ့ကြကာ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော်အရှင်မြတ်နှင့်ဇမ္ဗူပတိရုပ်ပွားတော်အရှင်သူမြတ်တို့အား ဂန္ဓာကုဋိတိုက် တော်မှ ယာယီရွှေကျောင်းတော်သို့ ကြွချီကိန်းဝပ်အပူဇော်ခံရန် ဘုရားပင့်ဂါထာတော်များ အားရွတ်ဆိုပူဇော်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

 


ယင်းနောက် (၉၁)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးအား သြဝါဒစရိယဆရာတော်ကြီးများ၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြတ်စွယ်တော်ဂေါပကအဖွဲ့များက ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပြီး သစ်ကနက်စစ်နတ်သစ်ရုပ်ပွားတော်အရှင်မြတ်နှင့် ဇမ္ဗူပတိရုပ်ပွားတော်အရှင်သူမြတ် တို့အား မြတ်စွယ်တော်ဂေါပကအဖွဲ့မှ ပင့်ဆောင်ခြင်း၊ အတုလဗုဒ္ဓလက်ဝဲအောက်စွယ်တော် မြတ်အား ဂန္ဓာကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန်အတွက် ဘုရား ပင့်ရွတ်ဆိုပူဇော်ခြင်းနှင့် အတုလဗုဒ္ဓစွယ်တော်မြတ်အား ဂန္ဓာကုဋိတိုက်မှ ရွှေကျောင်းတော် သို့ နာယကဆရာတော်များ၏ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပင့်ဆောင်ပူဇော်ခြင်းများဆောင် ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍အခမ်းအနားအားရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Photo by : Wai Zin

06-Mar-2020