ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Delta Industrial Group ၏ နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံနှင့် စျေးဝယ်စင်တာ တည်ဆောက်မည့် ပန္နက်တင် အခမ်းအနားတက်ရောက်

Delta Industrial Group ၏ နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံနှင့် စျေးဝယ်စင်တာ တည်ဆောက်မည့် ပန္နက်တင် အခမ်းအနားကို မတ်လ (၃)ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မြကျွန်းသာအိမ်ရာ စီမံကိန်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Delta Industrial Group မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Photo by : Wai Zin

06-Mar-2020