ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကျင်းပပြုလုပ်သော ကျောင်းပြင်ပ အလယ်တန်းပညာရေး(NFME) ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များအား ဘက်ပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂ ရက်နေ့ (၁၄၀၀)အချိန်တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြစ်ကွေ့ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ကျောင်းပြင်ပအလယ်တန်းပညာရေး NFME ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊လွှတ်တော် ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပညာရေးဌာနမှတာဝန် ရှိသူများနှင့်ဆရာ/ဆရာမများ၊ NFME ကျောင်းသား/ရှင်သာမဏေများနှင့် ကျောင်းသူ/ သီလ ရှင်ဆရာလေးများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် အခြေခံပညာကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင် ကြားခွင့်မရရှိသူများနှင့် ပညာကိုဆက်လက်မသင်ကြားနိုင်ခဲ့သည်ကလေးများ ဆက်လက်ပညာ သင်ကြားပေးနိုင်ရန် အလယ်တန်း၊ အထက်တန်း၊တက္ကသိုလ်အဆင့်ထိ ဆုံးခန်းတိုင်ပညာရေး ပြီးမြောက်အောင်မြင်ပြီး ဘဝရပ်တည်မှုအာမခံချက် ရရှိနိုင်ရန်နှင့်စာမတတ်သူဦးရေ လျော့နည်း ပပျောက်စေရေးအတွက် အစီအမံများ ရေးဆွဲ၍ အောင်မြင်အောင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပိတိဖြစ်ရပါကြောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေး (Non- Fomal Middle Education)(NFME)နှင့်ပတ်သက်ပြီး ၂၀၁၅ခုနှစ် အမျိုးသားပညာ ရေးကို ဖော်ညွှန်းထားပြီး ပညာသင်ယူသူများအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာဆောင် ရွက်နိုင်ရန် ကျောင်းပြင်ပနဲ့တစ်သက်တာပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် အသစ်ဖွင့်လှစ် ပြီးဖြစ်ပါကြောင်း၊ မိသားစုအခြေအနေအရ ပညာသင်ယူဖို့ အခက်အခဲကြုံတွေ့နေရသော ပညာ သင်ယူခွင့်ဆုံးရှုံးခဲ့သော ကလေးများအားပညာသင်ယူမှုအခွင့်အလမ်းများ သေချာလာမည်ဖြစ် သည့်အတွက် အခက်အခဲရှိသောကလေးများအတွက် အခွင့်အလမ်းများ ပွင့်လန်းလာတော့မည် ဖြစ်ပါကြောင်း၊ NFME ပညာရေးသင်ရိုးညွှန်းတမ်း/ ဆရာကိုင်/သင်တန်းသားကိုင်စာအုပ်များ နှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပမှ ပညာရှင်များဖြင့် ဝိုင်းဝန်းပြုစုခဲ့ပြီး ၂၀၁၄ခုနှစ်တွင် မြို့နယ် (၃)မြို့နယ်၌ စတင်စမ်းသပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅/၂၀၁၆ ခုနှစ် တွင် သင်ရိုးညွှန်းတမ်းနှင့်ဘာသာရပ်များကို ပြည်တွင်း/ပြည်ပပညာရှင်များဖြင့် ပူးပေါင်း၍ ပြန်လည်သုံးသပ်ခြင်းများဆောင်ရွက်ခဲ့ကာ ပြည်ပနိုင်ငံတကာအကူအညီများရယူ၍ ကျောင်း ပြင်ပ အလယ်တန်းပညာရေးကျောင်းများကို (၁)ကျောင်းကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရသည့်ကလေးများအတွက် ဒုတိယအကြိမ် ပညာသင်ယူခွင့်အခွင့်အလမ်းဖြစ်ပြီး NFME ပညာရေးအစီအစဉ်ဆောင်ရွက်မှုဖြင့်အခွင့်အလမ်း များဆုံးရှုံးခဲ့ရသည့်ကလေးများ အခြေခံပညာအလယ်တန်းပြီးမြောက်ခြင်း၊အခြေခံအထက်တန်း အဆင့်သို့ တက်ရောက်သင်ယူနိုင်ခြင်း၊ အသက်မွေးဝမ်းကြောင်းသင်တန်းများကို တက်ရောက် နိုင်ခြင်း၊ ဘဝရှေ့ရေးအတွက်လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည်ဖြစ်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိစေမည်ဖြစ်ပါသဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး တစ်ဦးမကျန် ကျောင်း နေရေး အခမဲ့အခြေခံပညာမူလတန်း/ အလယ်တန်းပြီးဆုံးသည်အထိ သင်ယူနိုင်ရေးလက်တွဲ ခေါ်ယူပေးကြပါရန်နှင့် တစ်ဦးတစ်ယောက်ချင်းသောလည်းကောင်း၊ အဖွဲ့အစည်းများမှသော် လည်းကောင်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပြီး ကျောင်းကြီးကြပ်ရေး မှူးဆရာမဒေါ်အေးသန်းကကျောင်းပြင်ပအလယ်တန်းပညာရေး NFMEအကြောင်းသိကောင်း စရာများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့်ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့က ကျောင်းပြင်ပအလယ်တန်းပညာရေး NFME ကျောင်းသား/ကျောင်းသူများအားထောက်ပံ့ငွေနှင့်ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်း အနားအား ရုတ်သိမ်းခဲ့ပါသည်။

 

06-Mar-2020