ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရား ကြီး၏ ကန္ဓာကုဋိတိုက်အတွင်း ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဘက်စုံ/ကဏ္ဍစုံမှဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်သကဲ့သို့ သာသနာတော်ထွန်းကား ပြန့်ပွားရေးလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်လျက်ရှိကာ ၂၀၂၀ပြည့်နှစ် မတ်လ ၂ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟင်္သာတခရိုင်၊ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်း အနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့များနှင့် ဘုရားဖူးဧည့်သည်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

 

ရှေးဦးစွာ အခမ်းအနား(ပထမပိုင်း)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဘုရား ဂေါပကအဖွဲ့ဥက္ကဌတို့က ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။
ထို့နောက် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂန္ဓာကုဋိတိုက်အတွင်း အခမ်းအနား(ဒုတိယပိုင်း)အစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော် များ၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များအား လျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော်များကရွတ်ပွားသရဇ္ဇျာယ်သည့်ပရိတ်တရားတော်များ အားနာကြားခြင်း၊ သြဝါဒကထာများနာကြားခြင်း၊ ဆရာတော်သံဃာတော်များထံ
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဘုရားဂေါပကအဖွဲ့ထံသို့ ဘုရားကြီးဘက်စုံပြု ပြင်မွမ်းမံရန်အတွက် တိုင်း‌ဒေသကြီးအစိုး ရအဖွဲ့မှလှူဒါန်းသည့် အလှူငွေကျပ်(၃)သိန်းအား ပေးအပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချတရားနာကြားခြင်းနှင့် အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကာ ဆရာတော်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဘက်စုံ/ကဏ္ဍစုံမှဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်သကဲ့သို့ သာသနာတော်ထွန်းကား ပြန့်ပွားရေးလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်လျက်ရှိကာ ၂၀၂၀ပြည့်နှစ် မတ်လ ၂ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟင်္သာတခရိုင်၊ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်း အနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့များနှင့် ဘုရားဖူးဧည့်သည်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

 

ရှေးဦးစွာ အခမ်းအနား(ပထမပိုင်း)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဘုရား ဂေါပကအဖွဲ့ဥက္ကဌတို့က ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။
ထို့နောက် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂန္ဓာကုဋိတိုက်အတွင်း အခမ်းအနား(ဒုတိယပိုင်း)အစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော် များ၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များအား လျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော်များကရွတ်ပွားသရဇ္ဇျာယ်သည့်ပရိတ်တရားတော်များ အားနာကြားခြင်း၊ သြဝါဒကထာများနာကြားခြင်း၊ ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဘုရားဂေါပကအဖွဲ့ထံသို့ ဘုရားကြီးဘက်စုံပြု ပြင်မွမ်းမံရန်အတွက် တိုင်း‌ဒေသကြီးအစိုး ရအဖွဲ့မှလှူဒါန်းသည့် အလှူငွေကျပ်(၃)သိန်းအား ပေးအပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချတရားနာကြားခြင်းနှင့် အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကာ ဆရာတော်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

06-Mar-2020