ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပပြုလုပ်သော တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

၂၀၂၀ပြည့်နှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အထိမ်း အမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့(၀၈၃၀)အချိန်၌ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးလွှတ် တော်ဒုဥက္ကဌဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်းတို့က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှု့ အားပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။


အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသ ကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

06-Mar-2020