ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများ၊ တက္ကသိုလ်/ကောလိပ်/သင်တန်းကျာင်းများ၊ စက်ရုံမှူးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)က်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ (၆)လတာကာလ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများ၊ တက္ကသိုလ်/ကောလိပ်/သင်တန်းကျာင်းများ၊ စက်ရုံမှူးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)က်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ (၆)လတာကာလ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ဖေဖော်ဝါရီလ (၂၈)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်ပြင်ထွက်ပေါက်များ ဆက်စပ်နေသည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ယခုအခါ တရားမဝင် ဘင်္ဂါလီများ ဝင်ရောက်လာနေသည်ကို တွေ့ရှိရသည့်အတွက် လုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စစ်ဆေးရေးဂိတ် (၆)ဂိတ်မှ တရားမဝင် ဖြတ်သန်းသွားလာသော ကုန်စည်များနှင့် ဘင်္ဂါလီလူမျိုးများ ဝင်ရောက်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနများမှ အထူးကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေးနှင့် လုံးဝပပျောက်ကင်းစေရန်အတွက် အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ လူမှောင်ခိုမှု၊ ရေလုပ်သားခေါင်းပုံဖြတ်မှုများ ကြိုတင်သတင်းရယူနိုင်ရန် အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းရန်လိုသလို ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြောကြားလိုကြောင်း၊ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ဝင်ငွေလျာထားချက်များ အပြည့်အဝရရှိရေးကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ အလေအလွင့်မရှိ အကျိုးရှိစွာ သုံးစွဲကြပြီး စီမံကိန်းလုပ်ငန်းများ အချိန်မီ ပြီးစီးရေးကို အလေးအနက်ထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင်လည်း ပစ္စည်းအရေအသွေး စံချိန်စံညွှန်း မှီ/မမှီ၊ BP/BQ များအတိုင်း ဆောင်ရွက်မှု ရှိ/မရှိအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ တင်ဒါပိုလျှံငွေများကို မိမိဌာနသဘောထားတစ်ခုတည်းနှင့် သုံးစွဲခဲ့သည့် ဌာနတစ်ချို့ရှိကြောင်းကို စာရင်းစစ် စစ်ဆေးချက်အရ သိရကြောင်း၊ ပိုလျှံငွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်အပ်နှံပြီးမှ လိုအပ်သည်များ တင်ပြခွင့်ပြုရယူသုံးစွဲရန်ဖြစ်ကြောင်း၊ ကုမ္ပဏီအချင်းချင်း နားလည်မှုယူပြီး အောက်ခြေတွင် လုပ်ငန်းပြောင်းလဲ လုပ်ဆောင်သည်မျိုး လုံးဝမလုပ်ကြရန် သတိပေးပြောကြားလိုကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးရာတွင် အါမှန်တကယ်ထုတ်ပေးသင့်သည့် တောင်သူများကို စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးရန်နှင့် စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တစ်ချို့ဌာနများအနေနှင့် နှိုးဆော်စာ အကြိမ်ကြိမ်နှိုးဆော်နေသော်လည်း ပြန်လည်တင်ပြနိုင်ခြင်းမရှိသည်ကို တွေ့ရသောကြောင့် အထက်ဌာနသို့ ပြန်လည်တင်ပြရမည်များကို အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ သိမ်းဆည်းမြေများ မူလပိုင်ရှင်လက်ဝယ်သို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရန် မြေ/စစ်ကော်မတီများအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အမြန်ကြိုးစားဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း၊ တိုးတက်ပြောင်းလဲမှုနှင့်အတူ တောင်သူများ၏ ရှေးရိုးစွဲ စိုက်ပျိုးလုပ်ကိုင်နေမှုများမှ ခေတ်မီနည်းပညာများနှင့်အညီ စနစ်တကျ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တောင်သူအသိပညာပေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ရာသီဥတုအပေါ် မူတည်ပြီး စိုက်ပျိုးမည့် မြေဆီလွှာများ ပြုပြင်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ တောင်သူများ နားလည်သဘောပေါက်လက်ခံလာစေရေး၊ စံပြကွက်များ နှိုင်းယှဉ်စိုက်ပျိုးထားရှိမှုများကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရသည့် နေရာတွင် ဌာနများအနေဖြင့် မိမိဌာနမှ ဝန်ဆောင်မှုပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်လာပါက စိတ်ရင်းစေတနာရှေ့ထားပြီး ဝန်ဆောင်မှုများ ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဝန်ဆောင်မှုများပေးရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး အချိန်မဆွဲ၊ အချိန်မဆိုင်းဘဲ လုပ်ဆောင်ပေးကြရန်၊ ဥပဒေနားမလည်သေးသည့် ပြည်သူများအား စိတ်ရှည်လက်ရှည်နှင့် လမ်းကြောင်းမှန်ကို လမ်းညွှန်ပြီး လုပ်ငန်းပြီးမြောက်အောင်၊ ပြည်သူများ၏ အခက်အခဲများ ပြေလည်အောင် ဖြေရှင်းပေးစေလိုကြောင်း၊ ပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု လျော့နည်းခြင်း မရှိအောင် မြန်မြန်နှင့်မှန်မှန် ဝန်ဆောင်မှုပေးပြီး အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ပေးကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် မိမိကိုယ်တိုင်သာမက မိမိတို့၏ အဆင့်ဆင့်သော ဝန်ထမ်းများအား ပြည်သူ့အကျိုးကို ရှေးရှုပေးရန်၊ ပြည်သူအား ဝန်ဆောင်မှုပေးသည့်အခါ ငါလုပ်ပေးမှရသည်ဆိုသည့်စိတ်နှင့် အချိန်ကြာအောင် ဆွဲမထားရ ငွေပေးသူသာမြန်စေ၊ ငွေမပေးနိုင်သူက ကြာစေဆိုသည့် စိတ်မျိုးမထားဘဲ လုပ်ဆောင်ပေးကြရန် အလေးထား မှာကြားလိုကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ သုံးသပ်ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ်လမ်းညွှန်စကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ကောလိပ်/သင်တန်းကျောင်း အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ စက်ရုံမှူးနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

Photo By : Wai Zin

06-Mar-2020