ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ ရှိ ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ကြည့်ရှုခဲ့ပြီး Top Mother ဟိုတယ်တွင် ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပမှ ခရီးသွားများ စိတ်ဝင်စားပြီး သဘာဝရှု့ခင်းနှင့်သဘာဝအလှတရားများရှိသည့် မြို့နယ်/ မြို့များအား ခရီးသွားလုပ် ငန်းများနှင့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ တိုင်းပြည်ဝင်ငွေတိုးတက်မြင့်မားလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် /မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ ရှိ ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကမ်းခြေဆင်းလမ်းဆောင်ရွက်မည့်လျာထားနေရာ၊ ကားကြီးဝင်းတည်ဆောက်မည့်လျာ ထားနေရာ၊ စုပေါင်းရုံးတည်ဆောက်မည့်လျာထားနေရာ၊ ဈေးတည်ဆောက်ရန်လျာထားနေရာနှင့် စွန့်ပစ်အမှိုက်သိမ်းကန်ထားရှိမည့်နေရာ၊ ဟိုတယ်ဇုံတည်ဆောက်မည့်လျာထားနေရာ၊ သင်္ချိုင်းမြေ အဖြစ်သတ်မှတ်ထားရှိမည့်လျာထားမြေနေရာများအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့် ရှု့ခဲ့ပြီး ၂၃.၂.၂၀၂၀ ရက်နေ့တွင် မြဝတီဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ လိပ်ချိုင်ဒေသသို့ သွားရောက်လေ့လာခြင်းများဆောင်ရွက်ခဲ့ပြီး Top Mother ဟိုတယ်တွင် ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း တိုးတက်မြင့်မားရေးသည် တိုင်းပြည်ဝင်ငွေတိုးတက်ရေးနှင့်ရင်းနှီးမြုပ်နှံမှုများတိုးတက်မြင့်မားရေးအပြင် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့အားရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားအပန်းဖြေသူများ များပြားလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဟိုတယ်လုပ်ငန်းရှင်များအတွက်လည်း ပိုမိုတွင်ကျယ်သည့်လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အကောင်းဘက်မှကြည့်လျှင် တိုးတက်မြင့်မားမှုများရှိလာမည်ဖြစ်သော်လည်း အဆိုးဘက်မှကြည့်လျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း သို့ဖြစ်ပါ၍ အားလုံးအတူလက်တွဲပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေးဝိုင်းဝန်းဆွေးနွေးပေးကြ ရန်နှင့် သဘာတပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းတိုက်တွန်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းတို့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကာ တက်ရောက်လာကြသူများဖြင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပြီး တွေ့ဆုံပွဲအားရုတ်သိမ်းခဲ့ပါသည်။

26-Feb-2020