ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု၊ ထိန်ပင်မြောင်(အထက်)ကျေးရွာတွင် ကျင်းပပြုလုပ်သော အသေးစားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်း သားညီအစ်ကိုများ စည်းလုံးညီညွှတ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ကြီး တည်ဆောက်နိုင်ရန်အတွက်လည်း တိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့် တိုင်းရင်းသားများ၏ အထိမ်းအမှတ် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကာ ၂၀၂၀ပြည့်နှစ်၊ ဖေဖော် ဝါရီလ ၂၀ရက်နေ့ (၀၆၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင် မြို့၊ ဇေယျသာရီဘောလုံးကွင်းအတွင်း ၂၀၂၀ ပြည့်နှစ် ၊ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျရောက်သည့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော် အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ချင်းတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ချင်းတိုင်းရင်းသားသဘာပတိကြီးမှမင်္ဂလာမောင်းအား(၃)ကြိမ်ထု ၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး သဘာပတိမှအဖွင့်အမှာစကားပြောကြားခဲ့ကာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ ဒုတိယသမ္မတထံမှ ပေးပို့သည့် ချင်း အမျိုးသားနေ့သဝဏ်လွှာအားဖတ်ကြားခြင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ် မြတ်သူမှ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်ထံမှ ပေးပို့သော သဝဏ် လွှာအားဖတ်ကြားခြင်း၊ ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီမှ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံစာတမ်းအားဖတ်ကြားခြင်း၊ တိုင်းရင်းသားများအရေးဆိုင်ရာ ကော်မတီဥက္ကဌ မှအမှာစကားပြောကြားခြင်း၊ ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီမှ ချင်းတိုင်းရင်း သားများ၏ ဆင်ယင်ထုံးဖွဲ့မှုများအား ရှင်းလင်းတင်ပြခြင်းနှင့် ပြည်ထောင်စုနေ့ဦးတည် ချက်(၅)ချက်ကို ကြိုဆိုဂုဏ်ပြုစာတမ်းဖတ်ကြားခြင်း၊ တိုင်းဒေသကြီးစာပေယဉ်ကျေးမှု ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ချင်းတိုင်းရင်းသား သဘာ ပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးအခမ်းအနားအား ရုတ်သိမ်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်အဖွဲ့တို့သည့် မြန် အောင်မြို့၊ မြို့နယ်အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ မြန်အောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား အမျိုးသားအလွှတ်တန်း အမှတ်ပေးဖူဆယ်ပြိုင်ပွဲဆု ပေးပွဲအခမ်းအနားအားတက်ရောက်ပါသည်။အခမ်းအနားတွင်မြန်အောင်ရေနံမြေအထက(ခွဲ) ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက Myanmar Fitness Dance လေ့ကျင့်ခန်း အကဖြင့်သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ၂၀၂၀ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များဖလား အမျိုး သားအလွှတ်တန်းအမှတ်ပေးဖူဆယ်ပြိုင်ပွဲတွင် အမှတ်အများဆုံးဖြင့် ပထမတံခွန်စိုက်ဆု ရရှိသော AKQ FC အသင်းအား ဆုချီးမြှင့်ခြင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပွဲစဉ် စ/ လယ်/ဆုံးတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများနှင့် ဒိုင်လူကြီးများ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင် ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့နယ်၊ ကနောင် မြို့သို့ သွားရောက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေ ကျပ်သန်း ၁၁၃.၄သန်းဖြင့် မြတ်ဘုန်းယံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နှစ်တန်းသွားမျောကျောက်ဖြည့်ရေကာ အလျား(၈၀၀) ပေနှင့် Soda mattress Groyne Root (250’×50’)တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ် ငန်းအရည်အသွေးပြည့်ဝရေးနှင့် ပြည်သူလူထုများအတွက် အမှန်တကယ်အကျိုးရှိစေသော လုပ်ငန်းဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

26-Feb-2020