ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကိုးသိးန်းအားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ယှဉ်ပြိုင်အားကစား (Competitive Sport)၊ အပန်းဖြေ အားကစား (Leisure Sport)၊ ရိုးရာအားကစား (Traditional Sport)၊ လူထုအားကစား (Mass Sport) ဟူသော အားကစားနည်း (၄)မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သော ရိုးရာအားကစား (Traditional Sport)ဖြစ်သည့် ခေါင်း၊ ခါး၊ ခြေ၊ လက် ထိချက်အင်္ဂါ (၅)ရပ် ပြည့်စုံအောင် ခတ်ကစားရသော မြန်မာတို့၏ ရိုးရာအားကစားနည်းတစ်ခုဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၄)ရက်၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ခြင်းလုံးအားကစားနည်းသည် အသင်းလိုက် စည်းလုံးညီညွတ်စွာ ပြိုင်ပွဲဝင်ရသည့် အားကစားနည်းဖြစ်ပြီး အပေးအယူ ချစ်ကြည်ဖြူ ခြင်းမူဇာဂ မျှစိတ္တ ဆိုသည့် ခြင်းလုံးအားကစားနည်းဆောင်ပုဒ််အတိုင်း အထောက်၊ အပင့်၊ အမြှောက်ကို တစ်ဦးအကြိုက်တစ်ဦးကသိမှသာ ပြိုင်ပွဲများတွင် မိမိအဖွဲ့အနေဖြင့် အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းများအနေနှင့် မိမိတို့အသင်း၏ ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုများကို ပြသပြီး အောင်မြင်မှုရရှိအောင် ကြိုးစားကြရန်၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် တံခွန်စိုက် ဒိုင်း (၃)နှဏ်ဆက်တိုက်ရရှိဖူးသည့် အစဉ်အလာကောင်းကို မိမိတို့လက်ထက်တွင်လည်း ပြန်လည်ရရှိအောင် စွမ်းဆောင်ကြရန်၊ ရိုးရာအားကစားနည်းများကိုလည်း မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြရန် ပြောကြားရင်း ၂၀၂၀ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ရိုးရာခြင်းပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ရိုးရာခြင်းသရုပ်ပြကစားမှုများကို ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးပြီး ပုသိမ်မြို့နယ်အသင်းနှင့် ကျုံပျော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

Photo By : Wai Zin

14-Jan-2020