ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော် (စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျုံပျော်မြို့နယ်၏ ကလေးစာပေပွဲတော် (စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်)ဖွင့်ပွဲ အခမ်းအနားအား (၁၀.၁.၂၀၂၀)ရက်နေ့၊ နံနက်(၀၉၃၀)နာရီ အချိန်တွင် ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်ဇနီး၊ တိုင်းဒေတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ ကလေးစာပေပွဲတော်မုခ်ဦးရှေ့တွင် ကျုံပျော်မြို့ နယ်၏ ကလေးစာပေပွဲတော်ဖွင့်ပွဲ (ပထမပိုင်း) အခမ်းအနားအားကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ် တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရ (၅)ဘာသာဂုဏ်ထူးရှင် မသဇင်ဝင်းနှင့် (၆)ဘာသာ ဂုဏ်ထူးရှင် မဟန်နီသော်တို့က ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး ခြံရံလျက် ကျုံပျော်မြို့နယ်၏ ကလေးစာပေပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပုသိမ်ထီးယိမ်းအကအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့၊ ဝါးညှပ်အကအဖွဲ့၊ ပန်းပွှားအကအဖွဲ့၊ အိုးစည်ဝိုင်းနှင့် ဦးရွှေရိုးနဲ့ ဒေါ်မိုးအကအဖွဲ့၊ Fitness Dance အကအဖွဲ့များက တစ်ပျော်တစ်ပါး သီဆိုကခုန်၍ ကလေးစာပေပွဲတော်အား ပျော်ရွှင်ကြည်နူးစွာ ကြိုဆိုဖွင့်လှစ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် အခမ်းအနား(ဒုတိယပိုင်း) အစီအစဉ်အား အထက(၁)၊ အောင်ဆန်းခန်းမအတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ ကျုံပျော်မြို့၊အထက(၁)မှ ကျောင်းသား/ ကျောင်းသူ လေးများက ကလေးစာပေပွဲတော် (Theme Song)အား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်မှ အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ကျုံပျော်မြို့နယ်၏ ကလေးစာပေပွဲတော်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ် (၂၆)မြို့နယ်တွင် ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်များအနက် (၁၆)ခုမြောက်ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉)ရက်နေ့မှ စတင်၍ ယနေ့အထိ ခရိုင်အဆင့်မြို့နယ် (၂)ခု၊ မြို့နယ် အဆင့်(၁၂)ခု၊ မြို့အဆင့် (၂)ခု၊ စုစုပေါင်း(၁၆)မြို့နယ်မှာစည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း ဒီကလေးစာပေပွဲတော်များကို ကလေးများရဲ့အနာဂတ်အတွက် ထုဆစ်ပုံဖော်မှုနှင့် ကလေးများရဲ့ ပုံရိပ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းဒေသကြီး တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သောကလေးတို့ဟာ စာဖတ်ကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက်သူများဖြစ်လာမည်သာ ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်ပြီးခဲ့တဲ့ ကလေးစာပေပွဲတော်များသို့ တစ်နေ့ လျှင် အနည်းဆုံး ကျောင်းသား/ကျောင်းသူ(၆၀၀၀)မှ အများဆုံး (၁၅၀၀၀)ခန့် လာရောက်လေ့လာကြသည်ကို သိရှိရပါကြောင်း၊ ထူးခြားသည်မှာ ကလေးများသာမက ကလေးများ၏ မိဘတော်တော်များများပါ အုပ်ထိန်းသူအနေနဲ့ စောင့်ရှောက်ရန် ပါဝင်လာတာကိုတွေ့ရှိရပြီး ဒီလိုပါဝင်လာရင်းမှ ကလေးစာပေပွဲတော်၏ အနှစ်သာရကို သိရှိကာ မိမိတို့ရင်သွေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ပုံဖော်ထိန်းကျောင်းရမည်ကို ကိုယ်တိုင်တွေ့မြင်ကြားသိသွားစေခြင်းဟာ ပွဲတော်ကျင်းပရခြင်း၏ ရလဒ်တစ်ခုအဖြစ် သက်သေပြလျက်ရှိပါကြောင်း၊ကလေးစာပေပွဲတော်များမှာ ကလေးများ ဗဟုသုတရရှိစေမည့် ပြခန်းများ အနည်းဆုံး တစ်မြို့နယ်လျှင် (၈)ခန်းမှ (၁၂)ခန်းထိ ခင်းကျင်းပြသလျှက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပြခန်းများထဲမှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံမှ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များ၏မှတ်တမ်းဓါတ်ပုံများနဲ့ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းကို ထည့်သွင်းပြသထားရှိပါကြောင်း၊ ဒီပြခန်းများကို ဝင်ရောက်လေ့လာရင်း မိမိတို့ တိုင်း‌ဒေသကြီးအတွင်း ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များအား မြင်တွေ့သိရှိသွားပြီး ဒီလိုဖြစ်လာအောင် ကြိုးစားချင်စိတ်တွေ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပြသထားခြင်းဖြစ်ပါကြောင်း၊ ဒီပြခန်းများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စည်ပင်၊ မီးသတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သက်ဆိုင်ရာစက်မှု လက်မှုကျောင်းများ ၊ လူမှုရေးအသင်းအဖွဲ့မှ ပြခန်းများ ပါဝင်ပြသထားရှိပြီး ကလေးများအတွက် ဗဟုသုတရရှိစေရန်နှင့် လက်တွေ့ပါဝင်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ကြသလို ဌာနဆိုင်ရာများကလည်း ကလေးများအနာဂတ်အတွက် တိုင်းဒေသကြီးအစိုးရနှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ခြင်းဟာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားတစ်ခုဖြစ်ပါကြောင်း၊ ဒီကလေးစာပေပွဲတော်များ ကျင်းပခြင်းဟာ နိုင်ငံရဲ့ အနာဂတ် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်လှပဖွံ့ဖြိုးတိုးတက်စေဖို့ ကျင်းပပေးတာဖြစ်သလို အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစပျိုးပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ ထူးခြားသည်က ဒီလိုကလေးစာပေပွဲတော်များ ကျင်းပရာတွင် ကလေးများ ကျေးရွာဒေသအသီးသီးကပါ လာရောက်လေ့လာနိုင်ပြီး ပါဝင်ခွင့်ရရှိတာကို တွေ့ရှိရပါကြောင်း၊ ဌာနဆိုင်ရာများကလည်း မိမိတို့လုပ်ငန်းကိစ္စရပ်များမှာ ပြည်သူများပါဝင်နိုင်ရန် ပြသခွင့်ရပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်း၊ နေ့စဉ်ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းသူများအနေဖြင့်လည်း ပါဝင်ရောင်းချခွင့်ရသဖြင့် ဝင်ငွေတိုးပွားရရှိခြင်း အခွင့်အလမ်းများ ရရှိလာမယ်လို့ သုံးသပ်ထင်မြင်မိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒီကလေးစာပေပွဲတော်ဟာ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ်အကောင်အထည်ဖော်တာ ဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့အကောင်အထည်ဖော်ပေးတဲ့ ဝန်ကြီးဌာနများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိမိရပ်ရွာဒေသကို အကျိုးပြုကြသော ငွေအား/လူအားနဲ့ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကျွန်တော်တို့အစိုးရရဲ့ ပြည်သူနဲ့အတူ ဟူသော ဆောင်ပုဒ်နဲ့အညီ အစိုးရနဲ့ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ကြတဲ့ပွဲတော် ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး၊ အထက(၁) ကျုံပျော်မှ ကျောင်းသား/ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် တေးသီးချင်းဖြင့် ကပြဖျော်ဖြေခြင်း၊အမက(မြို့မ)ကျောင်းမှ ကျောင်း သား/ ကျောင်းသူလေးများက လာဘ်စားတဲ့ကြောင် Role Play ဖြင့် ဖျော်ဖြေခြင်း၊ အထက(၂)မှ ကျောင်းသား/ကျောင်းသူလေးများက မမပုသိမ်သူ တေးသီးချင်းဖြင့် ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကာ ပြန် ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကလေးစာပေပွဲတော်အတွင်းရှိ ကလေးစာဖတ်ခန်းနှင့်ပြခန်းများ၊ စာအုပ် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု့ အားပေးခဲ့ပါသည်။

Photo by : Wai Zin

12-Jan-2020