ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံကဇင်းကျေးရွာနှင့် ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ကျုံကဇင်းကျေးရွာတို့အား ဆက်သွယ်ထားသည့် နှစ်မြို့နယ်ကျေးရွာချင်းဆက် ဗောဓိချောင်းကူး ဗိုလ်မြတ်ထွန်းတံတား(ကျုံကဇင်း)ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (တရားဥပဒေစိုးမိုးရေး၊ စီးပွှားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး)စသည့် ကဏ္ဍကြီးအားလုံးတို့အား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် မရှိမဖြစ်သော အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပြီး ကဏ္ဍအားလုံးတို့နှင့်လည်း ဆက်နွယ်လျက်ရှိသောကြောင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာအဆင့်ထိ ဘဏ္ဍာငွေအခြေအနေပေါ်မူတည်၍ ဦးစားပေးအလိုက်လုပ်ငန်းများ လျာထားသတ်မှတ်၍ အရေးအကြီးဆုံးလမ်း/ တံတားများအား ဆောလျင်စွာဦးစားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့၊ (၀၉၃၀)နာရီချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံကဇင်းကျေးရွာနှင့် ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ကျုံကဇင်းကျေးရွာတို့အား ဆက်သွယ်ထားသည့် နှစ်မြို့နယ်ကျေးရွာချင်းဆက် ဗောဓိချောင်းကူး ဗိုလ်မြတ်ထွန်းတံတား(ကျုံကဇင်း)ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဗိုလ်မြတ်ထွန်းတံတား(ကျုံကဇင်း) ဆိုင်းဘုတ်မုခ်ဦးအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တံတားဖြစ်မြောက်ရေးကော်မတီ၏ ဦးစီးပဓါနနာယက ကမ္မဌာနာစရိယ ဓမ္မကထိက ဘဒ္ဒန္တဣန္ဒာသဘတို့မှ ဗိုလ်မြတ်ထွန်းတံတား(ကျုံကဇင်း)အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကာ တံတားအားကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အား မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ သစ္စာရောင်ခြည်ဓမ္မဗိမာန်အတွင်းဆက်လက်ကျင်းပပြုလုပ်ရာ တံတားဖြစ်မြောက်ရေးကော်မတီ၏ ဦးစီးပဓါနနာယက ကမ္မဌာနာစရိယ ဓမ္မကထိက ဘဒ္ဒန္တဣန္ဒာသဘ အရှင်သူမြတ်မှ သြဝါဒမြွက်ကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နှစ်မြို့နယ် ကျေးရွာချင်းဆက် ချောင်းကူးတံတားအား ဖွင့်လှစ်လိုက်သည့်အတွက် ဒေသခံပြည်သူများနှင့် ထပ်တူဝမ်းသာပိတိဖြစ်ရပါကြောင်း၊ နိုင်ငံတော်၏မူဝါဒဖြစ်သော ပြည်သူကိုမျက်နှာမူ၍ ဆောင်ရွက်သည့် လုပ်ငန်းများထဲတွင် ကျေးလက်လမ်း/တံတားများဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု/တိုင်းဒေသကြီးနှင့် ကျေးလက်ဒေသချင်းဆက်လမ်း/တံတားများအား အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကာ တစ်နိုင်ငံလုံး ကျေးလက်ဒေသပါမကျန် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈၀%ခန့်ရှိ ကျေးလက်လမ်းများအား ရာသီမရွှေးသွားလာနိုင်သော လမ်းများဖြစ်စေရေး လမ်း/တံတားဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်/လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စံချိန်စံညွှန်းအရည်အသွေးပြည့်မီသော လမ်း/တံတားများ ဖြစ်စေရန်နှင့်ရာသီမရွေး သွားလာနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်လမ်း/တံတားများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားလာပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးတွင် ကြီးမားသော အကျိုးကျေးဇူးများရရှိလာမည်ဟုယုံကြည်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ထည့်ဝင်ငွေများနှင့်နိုင်ငံတော်မှ ငွေကြေးများပေါင်းစပ်
အကုန်အကျခံတည်ဆောက်ခဲ့သော ဗိုလ်မြတ်ထွန်းတံတား(ကျုံကဇင်း)အား ရေရှည်တည်တံ့ခိုင်မြဲ၍ ကာလကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် ဒေသခံပြည်သူများအဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်ပါကြောင်း မှာကြားပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက အမှာစကားပြောကြားခဲ့ပြီး တံတားဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဝင်းက တံတားနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သစ္စာရောင်ခြည် တရားရိပ်သာအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေ (၁၀၀၀၀၀ိ/-)ကျပ် (ကျပ်တစ်သိန်းတိတိ)အား ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ/ရပ်မိရပ်ဖများ၊ တံတားဖြစ်မြောက်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

(ယနေ့ဖွင့်လှစ်လိုက်သော ဗိုလ်မြတ်ထွန်းတံတား (ကျုံကဇင်း)အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈ −၂၀၁၉ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း (၅၆.၅၀)ဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး တံတားအရှည် (၂၂၈)ပေ၊ အကျယ် (၁၂)ပေ တံတားအား Steel Girderတင်ခြင်း၊ Decking Sheet ခင်း၍ Slab လောင်းခြင်းနှင့်လက်ရန်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။)

08-Jan-2020