ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့နှင့် မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး) ဖွင့်ပွဲအခမ်းအနားအားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဘက်စုံ/ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့နှင့် မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် ၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့ဖြစ်မြောက်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် မြို့အဝင်ဆိုင်းဘုတ်တည်ရှိရာအနီးတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦး‌အောင်ကျော်ခိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာ ဝန်ရှိသူများက မြို့အဝင်ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များပက်ဖျန်းပေးကြပါသည်။ ထို့နောက် ဘင်ခရာတပ်ဖွဲ့မှဦးဆောင်၍ လမ်းမတစ်လျှောက် လမ်းလျှောက်ကြည့်
ရှု့ရင်း မြို့အုပ်ချုပ်ရေးမှူးရုံး( စုပေါင်းရုံး)ရှေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ဟတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် စုပေါင်းရုံးဆိုင်းဘုတ်အား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။

ထို့နောက် အခမ်းအနားဟဒုတိယပိုင်း အစီအစဉ်အား မြို့အုပ်ချုပ်ရေးမှူးရုံးအတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အင်္ဂပူမြို့နယ်သည် ယခင်က အင်္ဂပူမြို့နှင့် ထူးကြီးမြို့ဟူ၍ မြို့(၂)မြို့သာရှိပြီး ရပ်ကွက်(၈)ရပ် ကွက်၊ ကျေးရွာအုပ်စု(၇၂)အုပ်စုတို့ဖြင့် ဖွဲ့စည်းထားရှိသော မြို့နယ်တစ်မြို့နယ်ဖြစ်ကာ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြို့အင်္ဂါရပ် (၂၁)ရပ်နှင့် ပြည့်စုံညီညွှတ်သော မဲဇလီကုန်းကျေးရွာအုပ်စုအား ရပ်ကွက်(၄)ရပ်ကွက်ဖြင့် တိုးချဲ့၍ မြို့အင်္ဂါရပ်နှင့်အညီ မဲဇလီကုန်းမြို့အဖြစ် တိုးမြှင့်ဖွဲ့စည်းခွင့်ပြု မိန့်ရရှိခဲ့တဲ့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်များစွာ ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ တစ်နည်းအားဖြင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့‌တစ်နေ့ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ မဲဇလီကုန်းမြို့သည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပြီး အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွှတ်မှုနှင့် သဘောတူ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မဲဇလီကုန်းမြို့ဟူ၍ ဝင့်ဝင့်ထည်ထည် ပေါ်ထွန်းလာနိုင်တာကို တွေ့ရတဲ့အတွက်လည်း ထပ်လောင်းဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြို့တစ်မြို့အဖြစ် စနစ်တကျ အခြေတည်ဆောင်ရွက်နိုင်ရန်အတွက် အဓိကကျသော မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီးအ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၃၇.၅၀၀)ဖြင့် (၁၅၀'*၇၅')ပေရှိRC(၂)ထပ်အဆောက်အဦအား ခွင့်ပြုချထားပေးခဲ့ပြီး တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ IMA Queen ကုမ္ပဏီမှ (၃၁.၅.၂၀၁၉)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၅.၉.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့သဖြင့် မဲဇလီကုန်းမြို့နှင့် မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)တို့အား သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ယနေ့လိုပြသနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မဲဇလီကုန်းအုပ်စုအား မြို့အဖြစ် ပြုပြင်ဖွဲ့စည်းခွင့်ရရှိတဲ့အတွက် မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အား အခြေစိုက်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊လူမှုရေးလမ်းပန်းဆက်သွယ်ရေးစသည်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်သစ်ကို ပြုပြင်ပြောင်းလဲမှုများတွင် အစိုးရနှင့်ပြည်သူအတူတကွ ပြောင်းလဲလိုက်ပါခြင်းဟာ အခြေခံအကျဆုံးနဲ့အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာ ယနေ့မဲဇလီကုန်းမြို့ရယ်လို့ တစ်ဆင့်တိုးမြှင့်ပေးနိုင်ခဲ့တဲ့ သာဓကကိုကြည့်ရင်း မိမိတို့ မြို့ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်ကြပါရန်နှင့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်း၍ လူကြီး၊ လူငယ်၊ လူလတ်များအားလုံး ပူးပေါင်းပြီး ဒီထက်မက တိုးတက်သော မြို့တစ်မြို့ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်ကျသော မြို့ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ချက်များနှင့် မြို့အုပ်ချုပ်ရေးမှူး ရုံးအဆောက်အဦရရှိရေး ဘဏ္ဍာရေးစီမံခန့်ခွဲရပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ‌ပြည်သူများအနေဖြင့်လည်း မိမိတို့မြို့ကို တန်ဖိုးထားကြဖို့ မှာကြားခဲ့ပါသည်။

ဆက်လက်၍ IMA Queen ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ မြို့အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး)ဆောက်လုပ်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကာ အဆောက်အဦအချက်အလက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊တိုင်းအုပ်ချုပ်ရေးမှူးဦးသန်းဆွေဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးမှ ဖွင့်ပွဲအထိမ်းအမှတ်အလံများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်ကြီးများထံပေးအပ်ခဲ့ကာ၊ မြေနေရာလှူဒါန်းခဲ့သည့် ရွှေခြင်္သေ့စက်သုံးဆီရောင်းဝယ်ရေးမိသားစုအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

Photo by : Wai Zin

08-Jan-2020