ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပုသိမ်တက္ကသိုလ် သမိုင်းဌာနမှ ကထိက ဦးအောင်ဌေးက လွတ်လပ်ရေးနေ့အကြောင်း ဟောပြောပြီး အဆင့်မြင့်ပညာအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသားတစ်ဦးမှ ဆုရကဗျာအား ရွတ်ဆိုကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများနှင့် ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုနှင့် အမွှာဆုရရှိသူများနှင့်အား ဆုများအသီးသီးချီးမြှင့်ပေးကြပြီး ကျောင်းသား/ကျောင်းသူလေးများ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

Photo By : Wai Zin

02-Jan-2020