ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်နှင့် ကလေးများရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင်/သိစေချင်တဲ့အတွက် ငယ်ရွယ်သောကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွှားလာစေရန် ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၂၇) ရက်နေ့၊ (၀၉၀၀)အချိန်တွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြိုဖများပူးပေါင်းစီစဉ်ကျင်းပသည့် “ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ (၆)ဘာသာဂုဏ်ထူးရှင် မခင်မြတ်မြတ်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား အထက(၁)၊ ပညာ့ဗိမာန်ခန်းမအတွင်း ဆက်လက်ကျင်းပရာ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီချင်းအား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းကုန်းမြို့နယ်၏ ကလေး စာပေပွဲတော်တွင် ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများဖြစ်လာစေရန်၊ ပညာဗဟုသု တရောလူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၈ခုနှစ်၊နိုဝင်ဘာလ ( ၃)ရက်နေ့မှ( ၅ )ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ အလားတူခရိုင်အဆင့်အနေနဲ့ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်တို့မှာလည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကလေးစာပေပွဲတော်များ ကျင်းပပေးတဲ့အတွက် ကလေးများရဲ့အနာဂတ်ကို ထုဆစ်ပုံဖော်မှုနဲ့ ကလေးများရဲ့ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ အရုပ်ကလေးတစ်ရုပ်ကို ထုဆစ်ဖို့အတွက် အသားကောင်းကောင်း ရှာရမှာဖြစ်သကဲ့သို့ အနာဂတ်အတွက် အရည်အသွေးမြင့်မားတဲ့ စာပေမှာမွေ့လျော်လာစေရန်နှင့်ကလေးများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပါကြောင်း၊ကလေး စာပေဆိုသည်မှာကလေးများကို စာအုပ်စာပေတို့နှင့် ရင်းနှီးကျွမ်းဝင်သွားအောင် ဆွဲဆောင်ပေးသည့် စာပေများဖြစ်ပြီး ဆိုဆုံးမခြင်း ၊ ပညာပေးခြင်းတို့ထက် ကလေးဘဝကပင် စာကိုချစ်တတ်၊ တွယ်တာတတ်သူများဖြစ်လာအောင်စွမ်းဆောင်ပေးရသည့် ကလေးကြိုက်စာပေများဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သော ကလေးတို့ သည် စာဖတ်သည့် အလေ့အကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက်ကြမည်သာဖြစ်ပါကြောင်း၊ သာဓကအားဖြင့် ဒုတိယကမ္ဘာစစ်အပြီးတွင် မွေးဖွားလာသော ဂျပန်နိုင်ငံ၏ မျိုးဆက်သစ်များမှစ၍ စာဖတ်ခြင်းအလေ့အထကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်မှုကြောင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်ခုဖြစ်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါကြောင်း၊ ကလေးစာပေများက လူမျိုးသစ်တစ်ခုကို မွေးဖွားပေးလိုက်ခြင်းဟုပင် ခေါ်ဆိုနိုင်ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့တာဝန်ရှိသူများအနေဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်မှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်လှပ သာယာဖွံ့ဖြိုးတိုးတက်စေဖို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးခဲ့တာဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစပျိုးပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၅)ခု အနက် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ မြို့နယ်အဆင့်ကလေးစာပေပွဲတော်များကို ကျင်းပခြင်းဟာ ပထမဦးဆုံးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ်အတွက် တစ်မြို့ နယ်ကို ကျပ်သိန်း(၃၀)စီ ပံ့ပိုးပေးခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြို့နယ်တိုင်းကို ကလေးများအတွက် ကလေးစာပေစာအုပ် (၇၀၀)စီနှင့် MRTV ၊ မြန်မာ့အလင်း၊ကြေးမုံသတင်းစာ၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ MOI နှင့် Myanmar Digital Newsတို့တွင် ကြော်ငြာများ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိသလို ပန်းတနော်မြို့နယ်အနေနဲ့လည်း မိမိတို့မြို့မှာ ကျင်းပတဲ့ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် အဖက်ဖက်က ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ (၂၆)မြို့နယ် ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉)ရက်နေ့တွင် ချောင်းသာမြို့၌ စတင်ကျင်းပခဲ့ခြင်း၊ ဇလွန် ၊ အိမ်မဲ၊ ဓနုဖြူ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ သာပေါင်း၊ လေးမျက်နှာ၊ မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ၊ ဝါးခယ်မမြို့နယ်တို့တွင် ကျင်းပခဲ့ပြီး ကြိတ်ကြိတ်တိုးစည်းကားခဲ့ကြပြီး နောင်နှစ်များမှာလည်း ဒီလိုကလေးစာပေပွဲတော်များ ကျင်းပပေးစေလိုကြောင်း ၊ ဒေသခံများက တောင်းဆိုကြကြောင်း သိရတဲ့အတွက် မတည်ဦးဆောင်ကျင်းပပေးတဲ့ ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ အထူးပြောကြားလိုတာကတော့ ဒီကလေးစာပေပွဲတော်များဟာ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ်အကောင်အထည်ဖော်တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင်အထည်ဖော်ပေးတဲ့ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ၊ မိမိရပ်ရွာဒေသကိုအကျိုးပြုကြသော ငွေအား၊ လူအားနဲ့ ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အထူးတလည်မှာကြားလိုတာက တော့ ဒီကလေးစာပေပွဲတော်များ ကျင်းပပြီးစီးတာနဲ့ ပွဲပြီးမီးသေသဘောမထားကြဘဲ ပြည်သူများက မိမိတို့နဲ့လက်လှမ်းမီရာကစပြီး ကလေးများဘဝစာပေဖတ်ရှုမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းတွေကို ဆက်လက်ထိန်းကျောင်းပေးကြစေလိုပါကြောင်း တိုက်တွန်းမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကုန်းမြို့ အထက(၁)မှကျောင်း သား/ကျောင်းသူလေးများက မနော‌မြေအကဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ အထက(ခွဲ)(အောက်ပိုင်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရသစ္စာတေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ မြို့မအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက Role Play ဖြောင့်မတ်တည်ကြည် တေးသရုပ်ဖော်ဖြင့်ကပြဖျော်ဖြေခြင်း၊ ရှမ်းရွာအနောက်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူလေးများက မဏိစန္ဒာတေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား/ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ ဧည့်သည်တော်များက ကျောင်းကုန်းမြို့နယ်တွင် ဖွင့်လှစ်သော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ခင်းကျင်းပြသထားသည့် အခြေခံပညာကျောင်းများ၏ ပညာရေးပြခန်းများ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ ကြက်ခြေနီပြခန်း၊ မီးသတ်တပ်ဖွဲ့ ပြခန်းများအပါအဝင်ပြခန်း(၁၀)ခုနှင့် ကလေးငယ်များ၏ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

Photo By : Wai Zin

30-Dec-2019