ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အိမ်မဲမြို့နယ်၊ ပဒက်ကျေးရွာအုပ်စု၊ ပဒက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၂၇၅၉)နှစ်မြောက် ကရင်ရိုးရာကောက်သစ်စားပွဲ အခမ်းအနား တက်ရောက်

နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ တိုင်းဒေသကြီးအတွင်းတွင်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်မှုခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး (၂၆.၁၂.၂၀၁၉) ရက်နေ့၊ နံနက်(၁၀၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပဒက်ကျေးရွာအုပ်စု၊ ပဒက်ကျေးရွာတွင် (၂၇၅၉)နှစ်မြောက် ကရင်ရိုးရာကောက်သစ်စားပွဲအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီးတိုင်းဒေသကြီးတရားသူကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ကရင်ရိုးရာ ကောက်သစ်စားပွဲတော်သဘာပတိနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်အရပ်ရပ်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာကောက်သစ်စားပွဲတော် ဖြစ်မြောက်ရေးကော်မတီများမှ ဥက္ကဌနှင့်တာဝန်ရှိသူများ၊ ဒေသခံကရင်တိုင်းရင်းသားများနှင့် မိဘပြည်သူများတက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက မင်္ဂလာဖား စည်တီး၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပြီး နုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက ကရင်ရိုးရာကောက်သစ်စားပွဲအား ရိုးရာဓလေ့ထုံးစံများအတိုင်းပါဝင်ဆင်နွဲခဲ့ပြီး ရိုးရာပြခန်းများအတွင်း လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။

Photo by : Wai Zin

30-Dec-2019